MY/Prabhupada 0002 - Madman Civilisation

The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.


Lecture on SB 6.1.49 -- New Orleans Farm, August 1, 1975

ရိသျှိကေးရှ : ဘာသာပြန်ဆိုချက် - အကြင်သူတစ်ဦးသည် အိပ်ပျော်နေစဉ်တွင် အိပ်မက်ထဲတွင် ရရှိထားသော ခန္ဓာအတိုင်း လုပ်ဆောင်မှုပြု သကဲ့သို့ သို့မဟုတ် ထိုခန္ဓာ အား မိမိဟု မှတ်ယူသကဲ့သို့ပင် အကြင်သူတစ်ဦးသည် ဤယခု ရရှိထားသော ခန္ဓာအား မိမိဟု မှတ်ယူလေသည်။ ထို ခန္ဓာ မှာ လွန်လေပြီးသော ကုသိုလ် အကုသိုလ် လုပ်ရပ်များ အပေါ် အခြေခံရထားခြင်းဖြစ်ပြီး မိမိ ၏ လွန်ခဲ့သော သို့မဟုတ် နောင်လာမည့်ဘဝ ကို သိမြင်နိုင်ခြင်း မရှိပေ။ ပ်ရဘူးပါးဒ် ( ရှရီမဒ် ဘာဂဝသံမ်ကျမ်း ၆.၁.၄၉) : ဒါဟာ ကျွန်တော်တို့ရဲ့ အခြေအနေပဲ။ ဒါကျွန်တော်တို့ရဲ့ သိပ္ပံပညာတိုးတက်မှုပဲဖြစ်တယ်။ ကျွန်တော်တို့ အရင်ဘဝက ဘာဖြစ်ခဲ့လဲ။ ဒီဘဝပြီးရင် ကျွန်တော် ဘာဖြစ်မှာလဲ ဆိုတာ မသိကြဘူး။ ဘဝ ဆိုတာ ဆက်လက်တည်ရှိနေတာဖြစ်တယ်။ ဒါဟာ လောကုတ္တရာ အသိဉာဏ်ဘဲဖြစ်တယ်။ ဒါပေမယ့် သူတို့က ဘဝဆိုတာ ဆက်တိုက်ဖြစ်ပေါ်တည်ရှိနေတယ်ဆိုတာတောင် မသိကြဘူး။ သူတို့ထင်တာက ငါဒီဘဝကို မတော်တဆ ရလိုက်တာ။ သေသွားပြီးရင် ဘာမှ မရှိတော့ဘူး။ အတိတ်တွေ ပစ္စုပ္ပန်တွေ အနာဂတ်တွေ ဘာမှမရှိဘူး။ ပျော်ကြရအောင်။ ဒါဟာ သမစာ လိုခေါ်တဲ့ အဝိဇ္ဇာလွှမ်းတဲ့ တာဝန်မယူတတ်တဲ့ ဘဝပဲဖြစ်တယ်။ အဂ်ယာန ဆိုတာ ပညာရှိကိုခေါ်တာဖြစ်တယ်။ ပြီးတော့ ဘယ်သူမှာ ပညာ မရှိတာလဲ။ ကဲဒီ သမစာ ကိုကြည့်ရအောင်။ အဝိဇ္ဇာဂုဏ် လွှမ်းတဲ့သူတွေပေါ့။ လောကီကို လွှမ်းမိုးချယ်လှယ်နေတဲ့ ဂုဏ်၃ပါးရှိပါတယ်။ စသဂုဏ ရဂျဂုဏ နှင့် သမဂုဏ တို့ဖြစ်တယ်။ စသဂုဏ ဆိုတာ အကုန်လုံးရှင်းရှင်းလင်းလင်းရှိတယ်။ ပ်ရကားဆလို့ခေါ်တယ်။ ကောင်းကင်ဟာ အခုလို တိမ်တွေဖုံးနေတယ်။ နေရောင်ခြည်ကို သိပ်မမြင်ရဘူး။ ဒါပေမယ့် တိမ်တွေရဲ့ အပေါ်မှာတော့ နေရောင်ခြည် ရှင်းရှင်းလင်းလင်း ရှိတယ်။ တိမ်တွေထဲမှာတော့ ရှင်းရှင်းလင်းလင်း မရှိဘူး။ ဒီလိုပါပဲ။ စသဂုဏ မှာ ရှိတဲ့ သူတွေအတွက်တော့ အရာရာ ဟာ ရှင်းရှင်းလင်းလင်း ရှိတယ်။ သမဂုဏ မှာရှိတဲ့ သူတွေအတွက်တော့ အရာရာ ဟာ အဝိဇ္ဇာလွှမ်းနေတယ်။ ပြီးတော့ စသဂုဏနဲ့ သမဂုဏ ရောေနေတဲ့ သူတွေကတော့ ရဂျဂုဏ လို့ခေါ်တယ်။ ဂုဏ်၃ပါး ပေါ့။ သမစာ ။ ဒီလိုနဲ့ သူတို့ဟာ လောလောဆယ် ရထားတဲ့ ခန္ဓာကိုပဲ စိတ်ဝင်စားကြတယ်။ ဘာဖြစ်လာမယ်ဆိုတာကို ဂရုမစိုက်ဘူး။ ဘာတွေရှခဲ့တယ်ဆိုတာကို လည်း လုံးဝမသိဘူး။ ဒါကိုပြောထားတာ နောက်တနေရာရှိသေးတယ်။ ရှရီမဒ် ဘာဂဝသံမ်ကျမ်း ၅.၅.၄ ပရာမတ္တာ - သူရူူးလိုပါပဲ သူဘာလို့ရူးသွားတယ် ဆိုတာ မသိတော့ဘူး။ သူမေ့သွားပြီ။ သူ့ရဲ့ လုပ်ရပ်တွေ ကြောင့် ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာလဲ သူမသိဘူး။ အရူးလိုပဲ။ ဒါကြောင့် ဒီ ခေတ်သစ် ယဉ်ကျေးမှုလူ့ အသိုင်းအဝိုင်းဟာ သူရူးအသိုင်းအဝိုင်းလိုပါပဲ။ သူတို့ ဟာ ပြီးခဲ့တဲ့ ဘဝနဲ့ ပတ်သတ်ပြီး ဘာမှမသိသလို နောင်လာမယ့် ဘဝ ကိုလည်း စိတ်မဝင်စားကြဘူး။ ရှရီမဒ် ဘာဂဝသံမ်ကျမ်း ၅.၅.၄ ပြီးခဲတဲ့ ဘဝနဲ့ ပတ်သတ်ပြီး မသိတဲ့ အတွက် အမြဲတမ်း မကောင်းမှု အကုသိုလ် လုပ်ရပ်တွေကိုပဲ လုပ်နေကြတယ်။ ခွေးတစ်ကောင်လိုပေါ့။ သူခွေး ဘာကြောင့် ဖြစ်လာလဲ သူမသိဘူး။ ခွေးဟာ ဘာဆက်ဖြစ်မလဲဆိုတာလဲ မသိဘူး။ ခွေးတစ်ကောင်ဟာ အရင်ဘဝမှာ ဝန်ကြီးချုပ် ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် သူခွေးဖြစ်လာတဲ့ အခါ သူမေ့သွားပြီ။ ဒါဟာ လောကီမာယာ ရဲ့ နောက်ထပ်လွှမ်းမိုးမှုပဲဖြစ်တယ်။ မာယာ တန်ခိုးနှစ်မျိုး။ မာယာ မှာ တန်ခိုးတော် ၂ မျိုးရှိတယ်။ တကယ်လို့ လူတစ်ယောက်ဟာ သူ့ရဲ့ အကုသိုလ် လုပ်ရပ်ကြောင့် ခွေးဖြစ် လာသည်ဆိုပါစို့။ သူဟာ တကယ်လို့ ငါဟာ ဝန်ကြီးချုပ်ဖြစ်ခဲ့တာပဲ။ အခုတော့ ခွေးဖြစ်သွားပြီ ဆိုပြီး သတိရခဲ့ရင် သူအတွက် အသက်ရှင်ရတာ တအားခက်သွားလိမ့်မယ်။ ဒါကြောင့် မာယာက သူ့ဉာဏ်ကို ဖုံးထားပေးတယ်။ မိသ်ယူ ဆိုတာ အကုန်လုံးက်ု မေ့လျော့တာကို ဆိုလိုတာဖြစ်တယ်။ ဒါကို မိသ်ယူ လို့ခေါ်ပါတယ်။ နေ့ ည တိုင်းကျွန်တော်တို့ တွေ့ကြုံနေတာပဲ။ ညမှာအခြားပတ်ဝန်းကျင် အခြားဘဝ တစ်ခုမှာ ကျွန်တော်တို့ အိပ်မက် မက်ကြတယ်။ ငါဟာ လဲလျောင်းနေတယ် ငါခန္ဓာဟာ အိပ်ယာကောင်းကောင်း အိမ်ခန်းကောင်းကောင်းတစ်ခုမှာ လှဲနေတာ ဆိုတဲ့ ဒီခန္ဓာကို မေ့သွားကြတယ်။ မဖြစ်သင့်ဘူး။ သူလမ်းပေါ်မှာလျှေက်သွားနေတယ်။ ဒါမှ မဟုတ် တောင်ပေါ်ရောက်နေတယ်။ အိမက်ထဲမှာ ဆက်လုပ်နေတယ်။ ဆက်လုပ်နေတယ်။ ကျွန်တော်တို့ လူသားတိုင်းဟာ ဒီခန္ဓာကို စိတ်ဝင်စားကြတယ်။ ပြီးခဲ့တဲ့ ခန္ဓာကို မေ့သွားပြီ။ ဒါဟာ အဝိဇ္ဇာပဲ။ ဒါကြောင့် ဒီအဝိဇ္ဇာဂုဏ် ကနေပြီး အသိဉာဏ်ရှိရာကို တက်လှမ်း နိုင်လာပြီဆိုရင် အဲဒါဟာ ဘဝ အောင်မြင်မှုပဲ။ ဒီအဝိဇ္ဇာမှာပဲ ပျော်ပိုက်နေမယ်ဆိုရင်တော့ အောင်မြင်မှာ မဟုတ်ဘူး။ ဒါဟာ ဘဝကို ဖျက်ဆီး ပြစ်လိုက်တာပဲ။ ဒါကြောင့်လကျွန်တော်တို့ ကရိသျှ်ဏ အနုဿတိ အသင်းဟာ လူတစ်ယောက်ကို အဝိဇ္ဇာ ဖုံးနေရာမှာ အသိဉာဏ်ရှိလာအောင် မြှင့်တင်ပေးရန်ဖြစ်တယ်။ ဒ့ဟာ ဝေဒကျမ်းဂန်အားလုံးရဲ့ အနှစ်သာရ ဖြစ်တဲ့ လူတစ်ယောက်ကို သံသရာမှ လွှတ်အောင် ကယ်တင်ဖို့ပဲဖြစ်တယ်။ ဘုရားရှင် ကရိသျှ်ဏ ဘဂဝဒ် ဂီသာကျမ်းမှာ သာဝကတွေ အတွက်အထူးဟောထားပါတယ်။ ဘဂဝဒ် ဂီသာ ကျမ်း ၁၂.၇ မှာပါ။ ဘဂဝဒ် ဂီသာကျမ်း ၁၀.၁၁ မှာလဲ ပါပါတယ်။ သာဝကတွေအတွက် အထူးပြောထားပါတယ်။ ငါသည် သူတို့ ၏ နှလုံးသားတိုင်းတွင် တည်ရှိသည်လို့။ ဒါပေမယ့် ဘုရားရှင် ကရိသျှ်ဏ ကို နားလည်ဖို့ ကြိုးစားနေတဲ့ သာဝက တစ်ယောက်ကို ဘုရားရှင် က ကူညီပါတယ်။ ဘုရားရှင် က ကူညီပါတယ်။ သာဝက မဟုတ်တဲသူတွေ မပါပါဘူး။ အဲဒီလူတွေဟာ တိရစ္ဆာန်တွေလိုပါပဲ စားမယ် အိပ်မယ် ကာမကျင့်မယ် ခုခံကာကွယ်မယ်။ သူတို့ ဘာကိုမှ ဂရုမစိုက်ပါဘူး။ ဘုရားရှင် ကိုနားလည်ဖို့ ဘုရားရှင် နဲ့ မိမိနဲ့ ဘယ်လိုပတ်သတ်လဲ ဆိုတာတွေ စိတ်မဝင်စားပါဘူး။ သူတို့ အတွက် ဘုရားမရှိဘူးလို့ ထင်ကြတယ်။ ကရိသျှ်ဏ ကလည်း ဟုတ်တယ် ဘုရား မရှိဘူး မင်းတို့ အိပ်ကြလို့ ဆိုပါတယ်။ ဒါကြောင့် စသ်စန်းဂ် ဆိုတာလိုတာပါ။ ဒီစသ်စန်းဂ် - သာဝကများနှင့် ပေါင်းဖော်မှု သာဝကတွေနဲ့ ပေါင်းဖော်ခြင်းအားဖြင့်သာလျှင် ကျွန်တော်တို့ ဟာ မိမိတို့ရဲ့ ဘုရားရှင် အပေါ်စူးစမ်းလေ့လာလိုစိတ်တွေကို နိုးဆွပေးနိုင်ပါတယ်။ ဒါကြောင့် ဘုရာေးကျောင်း စင်တာတွေလိုတာပါ။ ကျွန်တော်တို့ ဟာ မလိုအပ်ဘဲ စင်တာတွေအများကြီးလျှောက်ဖွင့်နေတာ မဟုတ်ပါဘူး။ ဒါဟာ လူသားတိုင်း ရဲ့ အကျိုးမျှော်ကိုးလို့ ဖြစ်ပါတယ်။