MY/Prabhupada 0003 - Man Is Also Woman

Revision as of 08:43, 31 March 2015 by Rishab (talk | contribs) (Created page with "<!-- BEGIN CATEGORY LIST --> Category:1080 Burmese (Myanmar) Pages with Videos Category:Prabhupada 0003 - in all Languages Category:MY-Quotes - 1975 Category:MY-...")
(diff) ← Older revision | Latest revision (diff) | Newer revision → (diff)


Invalid source, must be from amazon or causelessmery.com

Lecture on SB 6.1.64-65 -- Vrndavana, September 1, 1975

ရှရီမဒ် ဘာဂဝသံမ်ကျမ်း ၆.၁.၆၄ အဲဒီလိုနဲ့ ဒီအမျိုးသမီးကို မြင်ပြီးနောက်မှာ သူဟာ ၂၄ နာရီလုံးလုံး ဒီအကြောင်းကိုပဲ လိုချင်တပ်မက်စိတ်နဲ့ စဉ်းစားနေတယ်။ ဘဂဝဒ် ဂီသာကျမ်း ၇.၂၀ လိုချင်တဏှာ ဖြစ်လာတဲ့အခါမှာ လူတစ်ယောက်ဟာ အသိဉာဏ် အားလုံးကို ဆုံးရှုံးသွားတယ်။ ဒီကမ္ဘာ တစ်ခုလုံးဟာ ဒီတပ်မက်စိတ်နဲ့ လည်ပတ်နေတာဖြစ်တယ်။ ဒါဟာ လောကီဖြစ်တယ်။ ကျွန်တော်က လိုချင်တပ်မက်သလို လူတိုင်း ဒီစိတ်ရှိတယ်။ ဒါကြောင့် ကျွန်တော့် စိတ်ဆန္ဒတွေ မပြည့်ရင် သင့်စိတ်ဆန္ဒတွေမပြည့်တာနဲ့ တပြိုင်နက် ကျွန်တော်က သင့်ရန်သူဖြစ်လာမယ်။ သင်က ကျွန်တော်ရန်သူ ဖြစ်လာမယ်။ ကျွန်တော်က သင်တိုးတက်တာ ကို မမြင်တော့ဘူး။ သင်လည်း ကျွန်တော် တိုးတက်တာကို မမြင်တော့ဘူး။ ဒါဟာ လောကီပဲ။ မနာလိုစိတ် တပ်မက်ခြင်းတဏှာ ကာမ ကရိုဒ လောဘ မောဟ မဒ်ဆရယ တွေနဲ့ ပြည့်နှက်နေတယ်။ ဒါဟာ ဒီလောကီရဲ့ အခြေခံသဘောတရားပဲဖြစ်တယ်။ ဒါနဲ့ သူဟာ ... လေ့ကျင့်နေတာက ဘရ်ဟမကျာရ်ယ ဖြစ်ဖို့ ဒါပေမယ့် တိုးတက်မှုက ရပ်တန့်သွားပြီ။ အမျိုးသမီးတစ်ယေက် ကိုစွဲလမ်းမိသွားလို့။ ဒါကြောင့် ဝေဒလူမှုနေထိုင်မှု စနစ်မှာ အမျိုးသမီးကို လေကုတ္တရာတိုးတက်မှုအတွက် အနှောင့် အယှက်လို့ လက်ခံကြတယ်။ ဒီလူမှုစနစ်ကြီးတစ်ခုလုံးကိုက ဘယ်လို အမျိုးသမီးကို ရှောင်ရမလဲ ဆိတာပဲ။ အမျိုးသမီး ... အမျိုးသမီးကိုပဲ အမျိုးသမီးလို့ သင်တို့ မယူဆပါနဲ့။ အမျိုးသား ဟာလဲ အမျိုးသမီးဖြစ်တယ်။ အမျိုးသမီးတွေက နိမ့်ကျတယ် အမျိုးသားတွေက မနိမ့်ဘူး လို့မထင်ကြပါနဲ့။ အမျိုးသမီးဆိုတာ ပျော်မွှေ့ခံစားခံရသူဖြစ်ပြီး အမျိုးသားဆိုတာ ပျော်မွှေ့ခံစားသူကိုခေါ်တာဖြစ်တယ်။ အဲဒီတော့ အဲဒီ ခံစားမှုကို ရှုံ့ချရမှာဖြစ်တယ်။ တကယ်လို့ ကျွန်တော်ဟာ အမျိုးသမီးတစ်ယောက်ကို ပျော်မွှေ့ ခံစားဖွယ်ရာလို့ မြင်တဲ့ အတွက် ကျွန်တော်ဟာ အမျိုးသားဖြစ်တယ်။ တကယ်လို အမျိုးသမီးတစ်ယောက်ဟာ တခြားယောကျာ်းတစ်ယောက်ကို ပျော်မွှေ့ခံစားလိုစိတ်နဲ့ မြင်ရင် သူဟာလဲ အမျိုးသားသဘောကို သက်ရောက်သွားပြီ။ အမျိုးသမီးဆိုတာ ပျော်မွှေ့ ခံရမဲ့သူဖြစ်ပြီး အမျိုးသားဆိုတာ ပျော်မွှေ့မဲ့သူဖြစ်တယ်။ ဒါကြောင့် တစ်စုံတစ်ယောက်ဟာ ပျော်မွှေ့ ခံစားလိုစိတ်ရှိရင် သူ့ကို အမျိုးသားအနေနဲ့ ယူဆလို့ရတယ်။ ဒီတော့ ဒီမှာ ယောကျာ်းမိန်းမ နှစ်ယောက်စလုံးရဲ့ ရည်ရွယ်ချက်က လူတိုင်း စိတ်ကူးနေကြတယ်။ ငါဘယ်လို ပျော်မွှေ့ခံစားရင် ကောင်းမလဲဆိုတာကို။ ဒ့ကြောင့် သူဟာ မစစ်မှန်တဲ့ ပူရူသျှ် ဖြစ်လာတယ်။ တကယ်တော့ မူလပကတိမှာ ကျွန်တော်တို့ အားလုံး ယောကျာ်း မိန်းမ တွေဟာ ပ်ရကရ်သီး ဂျီးဝ တွေဖြစ်တယ်။ ဒါတွေဟာ ပြင်ပ အဝတ်အစားတွေပဲ။