MY/Prabhupada 0005 - Prabhupada's Life In 3 Minutes

Revision as of 10:16, 31 March 2015 by Rishab (talk | contribs) (Created page with "<!-- BEGIN CATEGORY LIST --> Category:1080 Burmese (Myanmar) Pages with Videos Category:Prabhupada 0005 - in all Languages Category:MY-Quotes - 1968 Category:MY-...")
(diff) ← Older revision | Latest revision (diff) | Newer revision → (diff)


Invalid source, must be from amazon or causelessmery.com

Interview -- September 24, 1968, Seattle

မေးမြန်းသူ : ဆရာတော်ရဲ့ နောက်ခံသမိုင်း ကို နည်းနည်းပြောပြပါနိုင်မလား ခင်ဗျာ။ ဘယ်မှာ ပညာဆည်းပူးခဲ့သလဲ။ ဘယ်လိုများ ဘုရားရှင် ကရိသျှ်ဏ ရဲ့ သာဝက ဖြစ်ခဲ့သလဲ ဆိုတာပေါ့။ ပ်ရဘူးပါးဒ် : ဆရာတော်က ကာလ်ကတ္တား မြို့ မှာမွေးပြီး ပညာသင်ကြားခဲ့ပါတယ်။ ကာလ်ကတ္တားမြို့ဟာ ဆရာတော်ရဲ့ မွေးရပ်မြေပဲ။ ဆရာတော် ၁၈၉၆ မှာ မွေးခဲ့ပြီး ဆရာတော့် အဖေရဲ့ အချစ်ဆုံးကလေးဆိုပါတော့။ ဒါကြောင့် ဆရာတော့် ပညာရေးက နည်းနည်း နောက်ကျခဲ့တယ်။ ဒါပေမယ့်လည်း အထက်တန်း ပညာရေးအထိကို ၈ နှစ်တိုင်တိုင်လေ့လာဆည်းပူးခဲ့ပါတယ်။ မူလတန်းပညာ ကို ၄နှစ် အထက်တန်းပညရေးကို ၈နှစ် ကောလိပ်မှာတော့ ၄နှစ် ပြီးတော့ ဂန္ဒီရဲ့ အမျိုးသားလှုပ်ရှားမှု မှာပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာ ဆရာတော်ရဲ့ လောကုတ္တရာ ဆရာတော် ဂုရူ မဟာရာဂ်ျ ကို ၁၉၂၂ မှာ ဆုံတွေ့ခဲ့ပါတယ်။ အဲဒီမှာ ကတည်းက ဆရာတော် က ဒီလမ်ူစဉ်ကို စိတ်ဝင်စားခဲ့ပါတယ်။ ဒါနဲ့ တဖြည်းဖြည်း အိမ်ထောင်သည် ဘဝ ကိုစွန့်ခဲ့ပါတယ်။ ၁၉၁၈ မှာအိမ်ထောင်ကျခဲ့ပြီး အဲဒီတုံးက တတိယနှစ် ကျောင်းသား ဘဝပဲရှိပါသေးတယ်။ ပြီးတော့ ကလေးတွေရလာတယ်။ အလုပ်လုပ်ခဲ့ပါသေးတယ်။ ပြီးတော့မှ ၁၉၅၄ မှာ မိသားစု အိမ်ထောင်သည်ဘဝ ကနေ အနားယူခဲ့ပါတယ်။ ၄နှစ် လုံးလုံး မိသားစု မရှိဘဲ တစ်ဦးတည်းနေခဲ့ပါတယ်။ အဲဒီနောက် ၁၉၅၉ မှာ ရဟန်းဘဝ ကို ခံယူခဲ့ပါတယ်။ အဲဒီကစပြီး ဆရာတော်က မိမိကိုယ်ကို စာပေကျမ်းဂန်တွေ ရေးသားဖို့ မြုပ်နှံ့ ခဲ့ပါတယ်။ ၁၉၇၂ မှာ ဆရာတော် ရဲ့ ပထမဦးဆုံး စာအုပ် ထွက်ရှိလာခဲ့ပြီး ၃ အုပ်မြောက်ထွက်လာပြီးနောက်မှာ ၁၉၆၅ မှာ သင်တို့ရဲ့ တိုင်းပြည်ဆီထွက်ခဲ့ပါတယ်။ ၁၉၆၅ စက်တင်ဘာလ မှာ ဒီကိုရောက်ခဲ့တာပါ။ အဲဒီကတည်းက ဆရာတော်က ကရိသျှ်ဏ အနုဿတိ သာသနာကို အမေရိကား ကနေဒါ နဲ့ ဥရောပ တိုင်းပြည်တွေမှာ ပြန့်ပွားအောင် လုပ်ခဲ့ပါတယ်။ တဖြည်းဖြည်း ဘုရားကျောင်း စင်တာတွေ ဖြစ်ပေါ်လာနေပါပြီ။ တပည့်သာဝကတွေလည်း တိုးလာပါပြီ။ ဘာလုပ်ရမလဲဆိုတာကို ဆရာတော်ကြည့်ပါဦးမယ်။ မေးမြန်းသူ : ဆရာတော်ကိုယ်တိုင် တပည့်သာဝက တစ်ယောက် ဘယ်လိုဖြစ်လာတာလဲ ခင်ဗျာ။ ဆရာတော်အရင်ကကော ဘာတွေ လေ့လာဆည်းပူးခဲ့ပါသလဲ။ သာဝကတစ်ယောက်မဖြစ်ခင်ကပေါ့။ ပ်ရဘူးပါးဒ် : ဆရာတော် ပြောခဲ့တဲ့ ဒီစည်းမျဉ်း စည်းကမ်းတွေပါပဲ။ ယုံကြည်မှုပဲပေါ့။ သူငယ်ချင်းတစ်ယောက်က ဆရာတော်ကို အတင်း လောကုတ္တရာ ဆရာတော် ဆီကို ဆွဲခေါ် သွားခဲ့ တာ။ အဲဒီမှာ ဆရာတော်ရဲ့ လောကုတ္တရာ ဆရာတော်နဲ့ စကားပြောတဲ့ အခါ အတော်လေး စိတ်ဝင်စားမိသွားတယ်။ အဲဒီကတည်းက မျိုးစေ့ချသလို ဖြစ်သွားတယ်ဆိုပါတော့။