MY/Prabhupada 0006 - Everyone is God - Fool's Paradise

The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.


Lecture on SB 1.15.49 -- Los Angeles, December 26, 1973

လူတိုင်းက ငါသိတယ် ငါအကုန်သိတယ်ဆိုပြီး ဘဝင် မြင့်နေကြတယ်။ ဒါကြောင့် ဂုရူ ဆရာဆီ သွားစရာမလိုတော့ဘူး။ ဒါက လောကုတ္တရာ ဆရာတော် ဖြစ်တယ့် ဂုရူ ဆီကို ချဉ်းကပ် တဲ့ နည်းလမ်းပဲ။ ခိုလှုံဆည်းကပ်မှု လိုပါတယ်။ "ကျွန်တော် သိထားတဲ့ အရာတွေဟာ ဘာမှအသုံးမဝင်တဲ့ ဟာတွေပါ။ ကျေးဇူးပြုပြီး ကျွန်တော့် ကို လိုအပ်တာများကို သင်ကြားပေးပါ။" ဒါဟာ တကယ့် ရိုကျိုးနှိမ့်ချမှုပဲ။ အရ်ဂျုန ပြောကြားသလိုပါပဲ။ ဘဂဝဒ်ဂီသာကျမ်း ၂.၇ ဘုရားရှင် ကရိသျှ်ဏနဲ့ အရ်ဂျုန နဲ့ အခြေအတင်ပြောခဲ့ပြီး ပြဿနာ အဖြေမထွက်တဲ့ အခါ အရ်ဂျုန က ဘုရားရှင် ကရိသျှ်ဏ ထံ ခိုလှုံကာ " ချစ်ရပါသော ကရိသျှ်ဏ ကျွန်တော်တို့ အခု မိတ်ဆွေသဘော စကားပြောနေကြတယ်။ ရင်းနှီးမှုနဲ့ ပြောတာကို ရပ်လိုက်ရအောင်။ ကျွန်တော် သင့်အား ကျွန်တော့်ရဲ့ လောကုတ္တရာ ဆရာတော် အဖြစ်လက်ခံပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့် တာဝန်ကို သင်ပေးပါ။" အဲဒါ ဘဂဝဒ် ဂီသာကျမ်းပဲဖြစ်ပါတယ်။ ဒါကြောင့် အကြင်သူတစ်ဦးဟာ သင်ယူလေ့လာရမှာဖြစ်ပါတယ်။ မွန်ဒက ဥပနီသျှ်ဒ် ၁.၂.၁၂ ဒါဟာ ဝေဒလမ်းစဉ်မှာ ဖော်ပြထားတဲ့ ဘဝရဲ့ တန်ဖိုးဟာဘာလဲ ဆိုတာနဲ့ ပတ်သတ်တဲ့ ပြဠာန်းချက်တွေပဲ။ ဘယ်လိုပြောင်းလဲ လာနေတာတာလဲ။ ကျွန်တော်တို့ ဟာ ခန္ဓာတစ်ခုကနေ တစ်ခုကို ဘယ်လို ပြောင်းလဲရယူနေကြတာလဲ။ ကျွန်တော်ဟာ ဘယ်သူလဲ။ ကျွန်တော်ဟာ ဒီ ခန္ဓာ ကိုယ်ပဲလား။ ဒါမှမဟုတ် ဒီ့ထက်ပိုသလား။ ဒါတွေကို မေးမြန်းလေ့လာ ဆည်းပူးရမှာဖြစ်တယ်။ အဲဒါ လူ့ဘဝဖြစ်တယ်။ အဲဒီလို မေးမြန်းစုံစမ်းမှုတော့ လုပ်ရမယ်။ ဒါကြောင့် ဒီဆုတ်ကပ် ကာလခေတ်မှာ ဘာဗဟုသုတမှ မရှိဘဲ ဘာမေးမြန်းလေ့လာမှုမှ မရှိဘဲ ဘာဂုရူ ဆရာသခင်မှ မရှိဘဲ ဘာစာပေကျမ်းဂန်မှ မရှိဘဲ လူတိုင်း ဘုရားဖြစ်နေကြတယ်။ ဒါတွေပဲဖြစ်နေတယ်။ အရူး တွေရဲ့ ပျော်ရွှင်မှုကမ္ဘာလေးပေါ့။ ဒါကြောင့် ဒါတွေက ကူညီနိုင်မှာ မဟုတ်ပါဘူး။ ဒီမှာ ဝိဓူရ အကြောင်း သူလည်းပဲ ရှရီမဒ် ဘာဂဝသံမ်ကျမ်း ၁.၁၅.၄၉ သူ... ဆရာတော် အခု ဝိဓူရ အကြောင်းပြောခဲ့ပါတယ်။ ဝိဓူရ က ယမရားဂ်ျ ခေါ် ယမမင်းဖြစ်ခဲ့တာပဲ။ သူတော်စင် တစ်ဦးဟာ ယမမင်းအရှေ့ အပြစ်ပေးခံဖို့ရောက်ရှိလာပါတယ်။ အဲဒီ သူတော်စင် က ယမမင်းထံကို မေးမြန်းစုံစမ်းတဲ့အခါ " ကျွန်တော့်ဘဝမှာ ကျွန်တော် ဘာအပြစ်မှ လုပ်ခဲ့တယ်လို့ သတိမရပါဘူး။ ကျွန်တော့ကို တရားစီရင်ဖို့ ဘာအတွက် ဒီကို ခေါ်လာရပါသလဲ" အဲဒီအခါ ယမမင်းက ပြောပါတယ်။ သင်မမှတ်မိတော့တာပါ။ သင် ငယ်ငယ်တုံးက ပုရွတ်ဆိတ် တစ်ကောင်ရဲ့ စအိုကနေ အပ်စိုက်လိုက်တာ သူမသေသွားတယ်။ အဲဒါကြောင့် သင့်ကို အပြစ်ပေးကို ပေးရမယ်။ ကြည့်ပါအုံး။ ကလေးဘဝတုံး က အမိုက်မှောင်ဖုံးလို့ လုပ်ခဲ့တဲ့ အပြစ်ကြောင့် သူအပြစ်ပေးတာကို ခံကိုခံရမယ်။ ပြီးတော့ ကျွန်တော်တို့ကလည်း "သူတစ်ပါး အသက်ကို မသတ်ရ။" ဆိုတဲ့ မူကို လည်း သိသိကြီးနဲ့ ဆန့်ကျင်နေကြတယ်။ ကျွန်တော်တို့ က သားသတ်ရုံပေါင်း ထောင်ပေါင်းများစွာ ဖွင့်နေကြတယ်။ တိရစ္ဆာန်မှာ ဝိဉာဏ်မရှိဘူး ဆိုတဲ့ အဓိပ္ပါယ် မရှိတဲ့ ဆင်ခြေတွေပေးပြီးလုပ်နေကြတယ်။ ပျော်နေကြတယ် ကြည့်ပါအုံး။ ဒါတွေပဲဖြစ်နေတယ်။ ပြီးတော့ ကျွန်တော်တို့ က ငြိမ်းချမ်းမှုလိုချင်နေကြတယ်။