MY/Prabhupada 0009 - The Thief Who Became A Devotee

Revision as of 08:51, 2 April 2015 by Rishab (talk | contribs) (Created page with "<!-- BEGIN CATEGORY LIST --> Category:1080 Burmese (Myanmar) Pages with Videos Category:Prabhupada 0009 - in all Languages Category:MY-Quotes - 1972 Category:MY-...")
(diff) ← Older revision | Latest revision (diff) | Newer revision → (diff)


Invalid source, must be from amazon or causelessmery.com

Lecture on SB 1.2.12 -- Los Angeles, August 15, 1972

ဘုရားရှင် ကရိသျှ်ဏ က ဘဂဝဒ်ဂီသာကျမ်းမှာ မိန့်တော်မူပါတယ်။ ဘဂဝဒ် ဂီသာကျမ်း ၇.၂၅ ငါ့ကို လူတိုင်းမသိရှိနိုင်ပေ။ ယိုးဂမာယာ ကဖုံးထားပေသည်။ ဒါဆို ဘုရားကို အသင် ဘယ်လို မြင်နိုင်မလဲ။ ဒီအရူးပြဿနာ အခုဖြစ်နေတာပဲ။ " ဘုရားကို ခင်ဗျား ကျွန်တော်ကို ပြနိုင်သလား။ ခင်ဗျား ဘုရားကို မြင်ဘူးသလား။" ဘုရားက ကလေးကစားစရာလို ဖြစ်လာတယ်။ " ဒီမှာ ဘုရားပဲ။ သူဟာ ဘုရားရဲ့ ပွင့်တော်မူခြင်းဖြစ်တယ်။" ဘဂဝဒ်ဂီသာကျမ်း ၇.၁၅ သူတို့ဟာ အပြစ်ကြီးတဲ့ ဘာမှမသိတဲ့ အရူးတွေ အဆင့်အနိမ့်ဆုံး လူသားတွေပဲဖြစ်တယ်။ သူတို့က ဒီလိုမေးကြတယ်။ " သင် ဘုရားကို ပြနိုင်ပါသလား။" သင်တို့မှာ ဘုရားကိုမြင်နိုင်လောက်အောင် ဘယ်လောက် အရည်အချင်းများပြည့်ဝနေလို့လဲ။ ဒီမှာ အရည်အချင်း ရှိတယ်။ အဲဒါဘာလဲ။ အကြင်သူတစ်ယောက်ဟာ ပထမဦးဆုံး ယုံကြည်သက်ဝင်မှုရှိရမယ်။ ယုံကြည် သက်ဝင်မှု။ ရှရာဒါးဒန သူဟာ ဘုရားရှင်ကို ဖူးမြော် ဖို့ တကယ်စိတ်အားထက်သန်မှုရှိရမယ်။ ဘုရားကိုပြပါဆိုတဲ့ ကဗျက်ကချော် နိုင်တဲ့ မဟုတ်တန်းတရား အရာမျိုး မဖြစ်ရဘူး။ မျက်လှည့် ။ ဘုရားရှင်က မျက်လှည့်မှော်ကျနေတာပဲ။ မဟုတ်ပါဘူး။ အဲဒီသူဟာ တကယ်ကို စိတ်ဝင်စားတဲ့သူ ဖြစ်ရမယ်။ ဟုတ်တယ်။ တကယ်လို့ ဘုရားရှိရင်... ကျွန်တော်တို့ မြင်ပြီးပြီ။ ကျွန်တော်တို့ ဘုရားနှင့် ပတ်သတ်ပြီး အသိပေးထားပြီးသားဖြစ်တယ်။ ဒါမှ ကျွန်တော် မြင်နိုင်မယ်။ ဒီမှာ ပုံပြင်လေးတစ်ခုရှိတယ်။ အရမ်းကို ပညာပါတယ်။ နားထောင်ကြည့်ပါ။ ကျမ်းစာကို ရွတ်ဖတ်တတ်သူတစ်ယောက်ဟာ ဘာဂဝဒ်ဂီသာကျမ်း ကို ဖတ်ပြတယ်။ ပြီးတော့ သူက ဘုရားရှင် ကရိသျှ်ဏဟာ လက်ဝတ်ရတနာများစွာနဲ့ တန်ဆာဆင်ထားတဲ့ အကြောင်းကို ပြောပြတယ်။ ဘုရားရှင်က နွားများကို တောထဲမှာကျောင်းလေ့ရှိကြောင်း ပြောပြတယ်။ အဲဒီမှာ စည်းဝေးပွဲထဲမှာ သူခိုးတစ်ယောက်ရှိတယ်။ သူက ဝ်ရန္ဒာဝန် ကိုသွားပြီး ဒီကလေးကို လုရင်ကောင်းမှာပဲဆိုပြီးစဉ်းစားတယ်။ သူက တောထဲမှာ ဒီလောက် အဖိုးတန်ကျောက်မျက်ရတနာတွေနဲ့ ရှိနေတာပဲ။ ငါသွားပြီး သူကိုဖမ်းမယ်။ ရတနာတွေကိုယူမယ်။ ဒါက သူ့ရဲ့ ရည်ရွယ်ချက်ပဲ။ သူက ဒီကောင်လေးကိုတော့ ငါတွေ့အောင်ရှာရမယ်ဆိုပြီး စိတ်ပိုင်းဖြတ်ထားတယ်။ ပြီးရင် ငါ တစ်ညမှာတော့ သန်းကြွယ်သဌေးဖြစ်ရမယ်။ ရတနာတွေ အများကြီးပဲ။ ဒါနဲ့ သူအဲဒီကိုသွားတယ်။ ဒါပေမယ့် သူ့ရဲ့ အရည်အချင်းက ငါတော့ ကရိသျှ်ဏ ကိုတွေ့ရမယ်။ ငါ ကရိသျှ်ဏ ကိုတွေ့ရမယ် ဆိုတဲ့ အဲဒီ စိတ်လှုပ်ရှားမှု စိတ်အားထက်သန်မှု ဟာ သူ့ကို ဝ်ရန္ဒဝန်မှာ ကရိသျှ်ဏကိုတွေ့အောင် ဖန်တီးပေးလိုက်တယ်။ သူဟာ ကရိသျှ်ဏကို ကျမ်စာရွတ်တဲ့သူပြေထားတဲ့ အတိုင်းပဲ တွေ့တယ်။ ဒါနဲ့ သူတွေ့သွားတယ်။" အော် မင်းက အတော်လိမ္မာတာပဲနော် ကရိသျှ်ဏ " သူစပြီး အချိုသတ်တယ်။ သူစဉ်းစားတာက ငါအချိုသတ်ပြီးရတနာတွေကိုယူမယ်။ ဒါနဲ့ သူက သူလုပ်ချင်တာကိုပြောပြတယ်။ " မင်းရဲ့ လက်ဝတ်ရတနာတွေထဲက နည်းနည်း ငါယူလို့ရမလား။ မင်းက တအားချမ်းသာတာပဲနော်" " မရဘူး။ မရဘူး။ ကျွန်တော့် အမေဒေါသထွက်လိမ့်မယ်။ ကျွန်တော် လုပ်လို့ အဲဒီလိုလုပ်လို့ မရဘူး။" ကရိသျှ်ဏ ကလေးက ပြောတယ်။ ဒါနဲ့ အဲဒီလူဟာ ကရိသျှ်ဏ အပေါ်ပိုပိုပြီး စိတ်ဝင်စားလာတယ်။ ပြီးတော့ ... ကရိသျှ်ဏ နဲ့ ထိတွေ့ တဲ့ အတွက်သူဟာ ဖြူစင်ပြီးသားဖြစ်လာတယ်။ ဒါနဲ့ နောက်ဆုံးတော့ ကရိသျှ်ဏ က " ကဲ ကောင်းပြီ ခင်ဗျားယူသွား"လို့ ပြေလိုက်တယ်။ အဲဒါနဲ့ သူဟာ ချက်ချင်းဘဲ သာဝကတစ်ဦးဖြစ်သွားတယ်။ ဘာလို့လဲဆိုတော့ ကရိသျှ်ဏ နဲ့ ထိတွေ့တဲ့ အတွက်ဖြစ်တယ်။ ဒါကြောင့် တစ်နည်းမဟုတ်တစ်နည်းတော့ ကျွန်တော်တို့ဟာ ဘုရားရှင် ကရိသျှ်ဏ နဲ့ ထိတွေ့ မှဖြစ်မယ်။ တစ်နည်းမဟုတ်တစ်နည်းနဲ့။ ဒါမှ ကျွန်တော်တို့ ဖြူစင်လာလိမ့်မယ်။