MY/Prabhupada 0011 - One Can Worship Krishna Within The Mind

The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.


Lecture on BG 4.28 -- Bombay, April 17, 1974

ဘ(က်)သီး ရစာမ်ရိသ် စီန္ဓူ မှာဖော်ပြထားတဲ့ ပုံပြင်လေးတစ်ပုဒ်ရှိပါတယ်။ တကယ်တော့ ပုံပြင်မဟုတ်ဘူး။ တကယ့် အဖြစ်အပျက်လေးပါ။ အဲဒီမှာဖော်ပြထားတာက ဘုရားရှင်ရဲ့ မြင့်မြတ်တဲ့သာဝကတစ်ဦး ဖြစ်တဲ့ ဘ်ရာမန တစ်ယောက်ရှိတယ်။ သူဟာ အလွန်ထူခြားတဲ့ အလုပ်အကျွေး အရ်ကျန ကို ဘုရားရှင်ကို ဆက်ကပ်ချင်တယ်။ ဒါပေမယ့် သူ့မှာ ငွေမရှိဘူး။ ဒါနဲ့ တစ်ရက်မှာ သူဟာ ဘာဂဝဒ်ဟောကြားနေတာကို နားထောင်ရင်း အဲဒီမှာ သူကြားတာက ဘုရားရှင် ကရိသျှ်ဏ ကို စိတ်ထဲကလည်း ပူဇော်လို့ရတယ်ဆိုပြီး။ အဲဒါနဲ့ သူကဒီအခွင့်အရေးကို ရအောင်ယူလိုက်တယ်။ ဘာလို့လဲဆိုတော့ သူက ကြာပြီ စဉ်းစားနေတာ ဘုရားရှင် ကရိသျှ်ဏကို ဘယ်လို ကြီးကျယ်ခမ်းနားစွာ ပူဇော်ရမလဲလို့။ ဒါပေမယ့် သူ့မှာ ငွေမရှိဘူး။ ဒါနဲ့ သူဒီအချက်ဖြစ်တဲ့ လူတစ်ယောက်ဟာ ဘုရားရှင် ကရိသျှ်ဏကို စိတ်ထဲကလည်းပူဇော်လို့ရတယ်ဆိုတာကို မှတ်သားထားလိုက်တာပဲ။ အဲဒါနဲ့ ဂိုးဒါဝရီမြစ်မှာ ရေချိုးပြီး သစ်ပင်တစ်ပင်အောက်မှာထိုင်တယ်။ သူ့စိတ်ထဲမှာ အလွန်ကြီးကျယ်ခမ်းနားတဲ့ စင်မ်ဟာစန ဖြစ်တဲ့ ပလ္လင်ကြီးကို စိတ်ထဲမှာ တည်ဆောက်တယ်။ ကျောက်မျက်ရတနာတွေစီချယ်ထားတဲ့ ပလ္လင်ပေါ်မှာ ဆင်းတုတော်ကိုထားပြီး ဆင်းတုတော်ကိုသူရေချိုးပေးတယ်။ ဂင်္ဂါမြစ်ရေ ယမုနာမြစ်ရေ ဂိုဒါဝရီမြစ်ရေ နရ်မဒါမြစ်ရေ ကာဝေရီမြစ်ရေနဲ့ ရေချိုးပေးတယ်။ အဲဒီနောက်မှာ သူက ဆင်းတုတော်ကို ဝတ်လဲတော်ကောင်းမွန်စွာ ဆင်မြန်းပေးတယ်။ ပန်းကုံးများနဲ့ ပူဇော်တယ်။ ပြီးတော့ သေချာချက်ပြုတ်တယ်။ စိတ်ထဲကနေပြီးတော့ နို့ထမင်းကို ချက်တယ်။ ဒါကြောင့် သူကအဲဒီနို့ထမင်းကို အရမ်းပူနေလာဆိုပြီး စမ်းကြည့် ချင်လာတယ်။ ဘာလို့လဲဆိုတော့ စိတ်ကူးထဲမှာ အေးသွားလို့။ သိပ်မပူတော့လို့။ ဒါနဲ့ သူက သူ့လက်ညှိုးကို စိတ်ကူးထဲမှာ ထည့်ကြည့်လိုက်တာ သူ့လက်ညှိုးလောင်သွားတယ်။ အဲဒီမှာ သူတရားထိုင်နေတာ ပျက်သွားတယ်။ ဘာလို့လဲဆိုတော့ အပြင်မှာ ဘာမှ မရှိလို့ဘဲ ဖြစ်တယ်။ သူ့ စိတ်ကူးထဲမှာပဲ သူကအကုန်လုံးလုပ်နေတာ။ ဒါပေမယ့် သူ့လက်ညှိုး ကတော့ လောင်သွားပြီ။ အဲဒီမှာ သူအံ့သြသွားတယ်။ တချိန်တည်းမှာပဲ ဝိတ်ကူန်ထ မှာရှိတဲ့ ဘုရားရှင် နာရာယဏ ကပြုံးတော်မူတယ်။ ဒါနဲ့ လ(က်)ချမီး မယ်တော်ကမေးတယ်။ " ဘာလို့ အရှင်မြတ်ဘုရား ပြုံးတော်မူပါသလဲ။" "ငါ့ရဲ့ သာဝကတစ်ဦးက ဒီလိုပဲ ငါ့ကို ပူဇော်နေလို့" ငါကိုယ်တော်မြတ်ရဲ့ လူတွေလွှတ်ပြီး သူ့ကို ဝိတ်ကူန်ထကို ခေါ်လာခဲ့ပါ"လို့ မိန့်တော်မူတယ်။ ဒါကြောင့် ဘ(က်)သီး ယိုးဂ ဟာအင်မတန်မှ ကောင်းမွန်လှတယ် ဘယ်လောက်တောင်လဲဆိုတော့ ဆင်းတုတော်ကို ကြီးကျယ်တဲ့ ပူဇော်မှု လုပ်ဖို့ မတတ်နိုင်တောင်မှ သင်က အဲဒါကို စိတ်ထဲမှာလုပ်လို့ရတယ်။ အဲဒီလို လည်းဖြစ်အောင်လုပ်လို့ရတယ်။