MY/Prabhupada 0013 - Twenty-four Hours Engagement

The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.


Lecture on BG 2.49-51 -- New York, April 5, 1966

ကောက်ဝ်ရှ်လ(မ်) ဆိုတာ အလွန်တော်တဲ့ လှည့်စားမှုမျိုးကိုပြောတာ။ လူနှစ်ယောက် အလုပ်လုပ်နေတယ်ဆိုပါတော့။ တစ်ယောက်က အင်မတန်တော်ပြီး နောက်တစ်ယောက်က သိပ်မတော်ဘူးဆိုပါတော့။ စက်က တစ်ခုတစ်ခု ချို့ယွင်းသွားတယ်။ အဲဒီမှာ သိပ်ပြီး မကျွမ်းကျင်တဲ့သူကတစ်နေ့လုံး မနက်ကနေပြီး ညနေအထိ သူပြင်ဖို့ကြိုးစားတယ်။ ဒါပေမယ့် ကျွမ်းကျင်တဲ့သူက ရောက်လာပြီးချက်ချင်းပဲ ဘာပျက်နေလဲဆိုတာ တွေ့တယ်။ သူက ဝါယာကြိုးတစ်ချောင်းကို ဆက်လိုက်တယ်။ ဟိုလို ဒီလိုနဲ့ စက်က ပြန်နိုးသွားတယ်။ ဟွန်း ဟွန်း ဟွန်း... တွေ့တယ် မဟုတ်လား။ ကျွန်တော်တို့ လည်း တစ်ခါတစ်လေ ဒီအသံသွင်းစက် ပျက်သလိုပေါ့ဗျာ။ မစ္စတာ ကားလ် ဖြစ်ဖြစ် တစ်ယောက်ယောက်လာပြီး ပြဿနာရှင်းပေးသလိုပေါ့။ ဒီလိုပဲ အရာရာဟာ ကျွမ်းကျင်တတ်မြောက်မှု နည်းနည်းလိုတယ်။ အဲဒီတော့ ကရ်မ ။ ကရ်မ ဆိုတာ အလုပ်ကိုပြောတာ။ ကျွန်တော်တို့ အလုပ်လုပ်ရမယ်။ အလုပ် မလုပ်ဘဲ ကျွန်တော်တို့ရဲ့ ဒီခန္ဓာနဲ့ အာသ်မာ ဝိဉာဏ်တောင်မှ ဆက်မသွားနိုင်ဘူး။ မှားယွင်းနေတဲ့ အယူအဆတစ်ခုက လောကုတ္တရာ အသိဉာဏ်ကို ရှာဖွေနေတဲ့သူတစ်ယောက်ဟာ အလုပ်မလုပ်ရဘူးဆိုတာပါပဲ။ မဟုတ်ပါဘူး။ သူကပိုတောင် အလုပ်လုပ်ရအုံးမယ်။ လောကုတ္တရာ တရားဉာဏ်ရှာဖွေနေသူ မဟုတ်တဲ့သူတွေဟာ သူတို့ တစ်ရက် ၈နာရီ အလုပ်လုပ်နေပေမယ့် လောကုတ္တရာ တရားဉာဏ် ရှာဖွေသူတွေကျတော့ သူတို့ဟာ ၂၄နာရီ အလုပ်လုပ်နေကြတယ်။ အဲဒါ ကွာတယ်။ ကွာတာကတော့ ဒီခန္ဓာကိုယ်ကို အစွဲရှိတဲ့ လောကီအယူအဆရှိတဲ့ သူကတော့ ၈နာရီ လောက်အလုပ်လုပ် တာနဲ့ သင်တို့ပင်ပန်းသွားတာကိုတွေ့ရလိမ့်မယ်။ ဒါပေမယ့် လောကုတ္တရာ ရည်ရွယ်ချက်နဲ့ ၂၄နာရီ ထက်ပိုလုပ်ရင်တောင်မှ သင်တို့ဆီမှာ ၂၄နာရီထက်ပိုပြီး မရှိတာကတော့ ကံမကောင်းတာပေါ့။ သို့သော်လည်း သင်တို့ ပင်ပန်းမှာ မဟုတ်ဘူး။ ကျွန်တော်ပြောရဲတယ်။ အဲဒါ ကျွန်တော့် လက်တွေ့ပဲ။ အဲဒါ ကျွန်တော့် လက်တွေ့ပဲ။ အခုပဲကြည့်။ ကျွန်တော် ဒီမှာအမြဲ အလုပ်လုပ်နေတယ်။ တစ်ခုခု ဖတ်နေတယ်။ ရေးနေတယ်။ ၂၄နာရီလုံးလုံး တစ်ခုခု ရေးနေ ဖတ်နေတယ်။ ဗိုက်ဆာရင် အစာနည်းနည်းစားလိုက်တယ်။ အိပ်ချင်ရင် အိပ်လိုက်တယ်။ အမြဲတမ်းလိုလို ကျွန်တော် မပင်ပန်းပါဘူး။ မစ္စတာပေါလ် ကိုမေးကြည့်လို့ရပါတယ်။ ကျွန်တော်ဒီလို လုပ်မလုပ်ဆိုတာ။ ဒါတွေလုပ်ရတာ ကျွန်တော်ပျော်တယ်။ ကျွန်တော် မပင်ပန်းပါဘူး။ အဲဒီလိုပါပဲ။ လူတစ်ယောက်ဟာ အဲဒီ လောကုတ္တရာ အသိရှိသွားရင် သူပင်ပန်းတယ်လို့ မခံစားရတော့ဘူး။ အဲဒီအပြင်ကို သူအိပ်ရတာကို ရွံ့လာလိမ့်မယ်။ " အိပ်စက်ခြင်းဟာ လာပြီးငါ့ကို ဒုက္ခပေးနေတာပဲ" ဆိုပြီး။ တွေ့လား။ သူက အိပ်တာကို လျော့ချင်လာတယ်။ အခု ကျွန်တော်တို့ ဂိုးဆွာမိတွေကို ဆုတောင်းကြတယ်။ ဒီဂိုးဆွာမိတွေဟာ ဘုရားရှင် ကျိတ်သံနျ မဟာပ်ရဘူးကိုယ်တော်တိုင် ဒီလို သိပ္ပံနည်းပညာတွေကို ဆွေးနွေးဖို့ခန့်အပ်ထားသူတွေဖြစ်တယ်။ ဒီဟာနဲ့ပတ်သတ်ပြီး ကျမ်းစာပေပေါင်းများစွာ သူတို့ပြုစုခဲ့ကြတယ်။ သူတို့ဟာ တစ်နေ့ကို တစ်နာရီခွဲ ထက်ပိုပြီးမအိပ်ခဲ့ကြပါဘူး။ ဒါလည်းတစ်ခါတစ်လေ လွတ်သွားတယ်။