MY/Prabhupada 0004 - Don't Surrender To Any Nonsense: Difference between revisions
(Created page with "<!-- BEGIN CATEGORY LIST --> Category:1080 Burmese (Myanmar) Pages with Videos Category:Prabhupada 0004 - in all Languages Category:MY-Quotes - 1967 Category:MY-...") |
(No difference)
|
Revision as of 13:11, 31 March 2015
Lecture on BG 10.2-3 -- New York, January 1, 1967
လမ်းစဉ်ကတော့ ... ဒါကို ဘဂဝဒ်ဂီသာကျမ်း မှာလည်းဖော်ပြထားပါတယ်။ ဘဂဝဒ် ဂီသာကျမ်း ၄.၃၄ တကယ်လို့သင်ဟာ လောကုတ္တရာ သိပ္ပံကိုနားလည် သဘောပေါက်ချင်တယ်ဆိုရင် သင်ဒီစည်းကမ်းကို လိုက်နာရမယ်။ အဲဒါ ဘာလဲ။ သင် ဘုရားရှင် ခိုလှုံရမယ်။ ဒီဟာကိုပဲ ပြောထားပါတယ်။ သင်သာ ရိုကျိုးနှိမ့်ချမှု မရှိရင် သင်ဟာ ခိုလှုံထားတဲ့ အာသ်မာ ဝိဉာဏ် မဖြစ်နိုင်ဘူး။ ပြီးတော့ ဘယ်မှာလဲ။ သင်ခိုလှုံရမယ့်သူကို ဘယ်မှာတွေ့နိုင်မလဲ။ "သူဆီမှာ ဒီမှာ သူကတော့ ငါခိုလှုံထိုက်သူပဲ။" ဘယ်မှာ ခိုလှုံဆည်းကပ်ရမယ်ဆိုတာကိုတော့ ကျွန်တော်တို့ သေချာဆန်းစစ် ကြည့်ရမယ်။ အဲဒီလောက် အသိဉာဏ်တော့ သင့်ထံမှာရှိရမယ်။ အဓိပ္ပါယ် မရှိတဲ့ ဆီမှာ သွားပြီး မခိုလှုံ မဆည်းကပ်ပါနဲ့။ သင်ဟာ... အဲဒါ အသိဉာဏ်ရှိတာလား။ အဓိပ္ပါယ် မရှိတာလားဆိုတာ ဘယ်လို သိနိုင်မလဲ။ ဒါကိုလည်း ကျမ်းစာတွေမှာ ဖော်ပြထားပါတယ်။ ဒါကို ကသ်ထာ ဥပနီသျှ်ဒ် ကျမ်းမှာဖော်ပြထားပါတယ်။ ဘဂဝဒ် ဂီသာကျမ်း ၄.၃၄ ကသ်ထာ ဥပနီသျှ်ဒ် ကျမ်းမှာလည်း အခုလို ပြောထားပါတယ်။ ၁.၂.၁၂ ဒီ ရှရိုတရီယ(မ်) ဆိုတာ တပည့်သာဝက အစဉ်အဆက်ကနေ ဆင်းသက်လာသောသူကို ပြောတာ။ တပည့်သာဝက အစဉ်အဆက် ကနေပြီး ဆင်းသက်လာသူ ဆိုတာ ဘာသက်သေရှိသလဲ။ ဘရ်ဟမ နိရှ်သ( မ်) ဆိုတာ ထိုသူဟာ အမြင့်မြတ်ဆုံး ပကတိသစ္စာကို အကြွင်းမဲ့ ယုံကြည် သက်ဝင်သူဖြစ်ရမယ်။ ကဲဒီမှာ သင်ဟာခိုလှုံဆည်းကပ်ဖို့ လိုပြီ။ ပ်ရနိပါးတ ဆိုတာ ကြိုတင်စီမံထားလို့ မရပါဘူး။ တကယ်လို့ အဲဒီလို ပုဂ္ဂိုလ် တွေ့ရင် ချက်ချင်း အဲဒီမှာပဲ ခိုလှုံပါ။ ထိုပုဂ္ဂိုလ်အား အလုပ်အကျွေးပြုပါ။ စိတ်ကျေနပ်အောင် ပြုစုပါ။ မေးမြန်းဆည်းပူးပါ။ အရာ အားလုံး ရှင်းလင်း သိမြင်လာပါလိမ့်မယ်။ သင်က အဲဒီလို ပြောရေးဆိုခွင့် ရှိသူ ပုဂ္ဂိုလ် ကိုရှာပြီး သူ့ထံမှာ ခိုလှုံဆည်းကပ်ဖို့ လိုပါတယ်။ သူ့ဆီမှာ ခိုလှုံထားတာဟာ ဘုရားရှင် ဆီမှာခိုလှုံထားတာနဲ့ အတူတူပဲ။ ဘာလို့လဲဆိုတော့ သူဟာ ဘုရားရှင် ရဲ့ ကိုယ်စားလှယ် ပဲဖြစ်တယ်။ ဒါပေမယ့် သင်ကမေးလို့ရပါတယ်။ အချိန်ဖြုန်းတဲ့ အနေနဲ့ မဟုတ်ဘူး။ နားလည်ဖို့အတွက်။ ဒါကို ပရိပ်ရာစန လို့ခေါ်ပါတယ်။ ဒါဟာ လမ်းစဉ်ပဲ။ ဒ ကျွန်တော်တို့ က ဒါကို လိုက်နာကျင့်သုံးရုံပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ ဟာ အဲဒီလို မလိုက်နာပဲ မူးယစ်ပျော်ပါးပြီး အချိန်ဖြုံးနေမယ်ဆိုရင် တွေးတောမှန်းဆနေမယ်။ မဟုတ်တာတွေလုပ်နေမယ် ဆိုရင်တော့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ သင်ဘယ်တော့မှ ဘုရားရှင်ကို နားလည် မှာ မဟုတ်ဘူး။ ဘာလို့ဆိုတော့ ဘုရားရှင်ကို ဒေဝီဒေဝတာတွေနဲ့ ကြီးမြတ်ပါတယ်ဆိုတဲ့ ရဟန်းတွေတောင် နားမလည်နိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ သေးနုတ်လှတဲ့ အားထုတ်မှုက ဘာမို့လို့လဲ။ ဒါဟာ လမ်းစဉ်ပဲဖြစ်ပါတယ်။ တကယ်လို့ သင်လိုက်နာ မယ်ဆိုရင် သင်သာ စည်းကမ်းတွေကို လိုက်နာမယ်ဆိုရင် တဖြည်းဖြည်းနဲ့တော့ မလွဲဧကန် ဖြစ်မှာပဲ။ တကယ်လိုက်လုပ်ရင် တစ်ခုခု ရတယ်ဆိုတာ သင်ကိုယ်တိုင် နားလည်လာလိမ့်မယ်။ သင်မျက်လုံးစုံ မိတ်ပြီး မမြင်မကန်း နဲ့ လိုက်လုပ်နေတာမျိုး မဟုတ်ပါဘူး။ စည်းမျဉ်း စည်းကမ်းတွေကိုသာ လိုက်နာပါ။ သင်နားလည်လာပါလိမ့်မယ်။ အာဟာရရှိတဲ့ အစားအစာတွေကို စားသလိုပေါ့။ သင်အားရှိလာပြီး ဆာလောင်မှုတွေ ပျောက်သွားလာပါလိမ့်မယ်။ ဘယ်သူကိုမှ မေးစရာ မလိုပါဘူး။ သင်ကိုယ်တိုင် ခံစားလာရပါလိမ့်မယ်။ ဒီလိုပါပဲ။ လမ်းကြောင်းမှန်ပေါ် သင်ရောက်လာပြီး စည်းကမ်းတွေကို လိုက်နာ လာရင် သင့်ကိုယ်သင် တိုးတက်လာတယ်ဆိုတာကို နားလည်လာပါလိမ့်မယ်။ အခန်း ၉မှာ ဘုရားရှင် ကိုယ်တော်တိုင် မိန့်တော်မူထားပါတယ်။ အဲဒါဟာ အရမ်းလည်းလွယ်ပါတယ်။ ပြီးတော့ သင်လည်း ပျော်ပျော်ရွှင်ရွှင် နဲ့ လုပ်လို့ရပါတယ်။ ဒါဆို နည်းလမ်းက ဘာလဲ။ ကျွန်တော်တို့ ဟရေး ကရိသျှ်ဏ ရွတ်ဆိုတယ်။ ဘုရားရှင် ကရိသျှ်ဏရဲ့ ဆွမ်းတော်ကျ ဘောဇဉ်မြတ် ပ်ရရှာဒံမ်ကို သုံးဆောင်ကြတယ်။ ပြီးတော့ ဘဂဝဒ်ဂီသာကျမ်းရဲ့ အတွေးအခေါ် ဒဿနတွေကို လေ့လာတယ်။ အင်မတန် သာယာတဲ့ ဂီတ သံစဉ်လေးတွေကို နားထောင်ကြတယ်။ ဒါ အရမ်းခက်သလား။ ဒါ အရမ်းခက်သလား။ လုံးဝ မခက်ပါဘူး။ ဒီနည်းအားဖြင့် သင်ဟာ အစ(မ်) မူဒ(ဟ်) ဖြစ်လာပါလိမ့်မယ်။ ဘယ်သူမှ သင်ကို လိမ်လို့မရဘူး။ တကယ်လို့ သင်ကိုယ်တိုင် က အလိမ်ခံချင်နေတယ်ဆိုရင်တော့ လူလိမ်တွေ အများကြီးပဲရှိပါတယ်။ ဒါကြောင့် လူလိမ်တစ်ယောက်ကို မဖန်တီးပါနဲ့။ လူ့အသိုင်းအဝိုင်းကို မလိမ်ညာပါစေနဲ့။ ဘုရားရှင် ကရိသျှ်ဏ မိန့်ကြားထားသကဲ့သို့ ဝေဒကျမ်းဂန်များက ဖော်ပြထားသည့်အတိုင်း တပည့်သာဝက အစဉ်အဆက် လမ်းစဉ်ကို လိုက်ပါ။ သာသနာ အာဏာပိုင် များဆီမှတစ်ဆင့် နားလည်အောင် ကြိုးစားပါ။ပြီးရင် အဲဒါကို သင့်ဘဝမှာ အသုံးချဖို့ ကြိုးစားပါ။ အဲဒါမှ အစ(မ်)မူဒ ( ဟ်) စ မာရ်တ်ရေစူ ဖြစ်လာမယ်။ မာရ်တ်ယ ဆိုတာ သေဖို့ ထိုက်တန် အခွင့်ရှိတဲ့ လူတွေဖြစ်လာလိမ့်မယ်။ ဘယ်သူတွေလဲ။ ဗြဟ္မာကြီးမှ အစပြုပြီး အလွန်သေးငယ်တဲ့ ပုရွက်ဆိတ် အထိ အထိန်းချုပ်ခံ ဝိဉာဏ်တွေအားလုံးဟာ မရ်တ်ယ တွေပါပဲ။ မရ်တ်ယ ဆိုတာ သူတို့အားလုံး တစ်ချိန်မှာ သေရလိမ့်မယ်။ ဒါကြောင့် မရ်တ်ရေစူ သေရွားလာရမယ့် ပုဂ္ဂိုလ်တွေအကြား သူဟာ အသိဉာဏ် အရှိဆုံးဖြစ်လာပါတယ်။ အစ(မ် )မူဒ( ဟ်) စ မရ်တ်ရေစူ ဘာဖြစ်လို့လဲ။ သူဟာ အကုသိုလ် အလုပ်ပေါင်းစုံးမှ လွတ်မြောက်နေလို့ပဲဖြစ်တယ်။ ဒီကမ္ဘာ ကြီးမှာ ဒီလောကီမှာ ကျွန်တော်တို့ ဟာ သိပြီး ဖြစ်စေ မသိဘဲနဲ့ အကုသိုလ် လုပ်ရပ်တွေ အများကြီး အမြဲလိုလို လုပ်မိနေကြတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဒီတန်ပြန်သက်ရောက်မှု ကနေ လွတ်မှဖြစ်မယ်။ ဒါဆို ဘယ်လို လွတ်အောင် ဘယ်လို လုပ်ရမလဲ။ ဒါကိုလည်း ဘဂဝဒ် ဂီသာကျမ်းထဲမှာဖော်ပြထားပါတယ်။ ဘဂဝဒ် ဂီသာကျမ်း ၃.၉ တကယ်လို့သင်ဟာ ကရိသျှ်ဏ ဘုရားရှင် အတွက်သာ အလုပ်လုပ်မယ်ဆိုရင် ယဂ်နယာ ဆိုတာ ဝိသျှ်ဏူး သို့မဟုတ် ကရိသျှ်ဏ ကိုဆိုလိုတာဖြစ်တယ်။ တကယ်လို့သင်ဟာ ဘုရားမြတ် ကရိသျှ်ဏ အတွက်သာ လုပ်မယ်ဆိုရင် သင့်ရဲ့ တန်ပြန် သက်ရောက်မှု အားလုံးရှိတော့မှာ မဟုတ်ပါ။ ကျွန်တော်တို့ ဟာ မင်္ဂလာရှိတာ နဲ့ မင်္ဂလာမရှိတာကို လုပ်ဖြစ်လေ့ရှိကြတယ်။ ဒါပေမယ့် ကရိသျှ်ဏ အနုဿတိနဲ့ လုပ်ဆောင်နေတဲ့သူအဖို့ ကတော့ မင်္ဂလာရှိခြင်း မရှိခြင်းတွေ ဆိတာတွေဟာ သူနဲ့ လားလားမမျှ မပတ်သတ်တော့ပါ။ ဘာလို့လဲဆိုတော့ သူဟာ မင်္ဂလာ အရှိဆုံး နဲ့ ဆက်စပ်နေလို့ဘဲဖြစ်ပါတယ်။ ဒါကြောင့် သူဟာ အကုသိုလ် အလုပ်တွေအားလုံးရဲ့ တန်ပြန်သက်ရောက်မှု ကနေ လွတ်မြောက်သွားတယ်။ ဒါဟာ လမ်းစဉ်ပါပဲ။ ဒီလိုသာ ကျွန်တော်တို့ ကျင့်သုံးမယ်ဆိုရင် နောက်ဆုံးတော့ ဘုရားရှင် ကရိသျှ်ဏ နဲ့ ထိတွေ့ခွင့် ရလာမှာ ဖြစ်ပါတယ်။ ပြီးတော့ ဘဝဟာလည်း အောင်မြင်လာလိမ့်မယ်။ လမ်းစဉ်က အရမ်းကို ရိုးရှင်း ပါတယ်။ ကျွန်တော်တို့ လူတိုင်း ကျင့်သုံးလို့ရပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။