MY/Prabhupada 0015 - I Am Not This Body: Difference between revisions

 
(Vanibot #0005 edit: add new navigation bars (prev/next))
 
Line 8: Line 8:
[[Category:Burmese (Myanmar) Language]]
[[Category:Burmese (Myanmar) Language]]
<!-- END CATEGORY LIST -->
<!-- END CATEGORY LIST -->
<!-- BEGIN NAVIGATION BAR -- DO NOT EDIT OR REMOVE -->
{{1080 videos navigation - All Languages|Burmese (Myanmar)|MY/Prabhupada 0014 - Devotees Are So Exalted|0014|MY/Prabhupada 0016 - I Want To Work|0016}}
<!-- END NAVIGATION BAR -->
<!-- BEGIN ORIGINAL VANIQUOTES PAGE LINK-->
<!-- BEGIN ORIGINAL VANIQUOTES PAGE LINK-->
<div class="center">
<div class="center">
Line 20: Line 23:


<!-- BEGIN AUDIO LINK -->
<!-- BEGIN AUDIO LINK -->
<mp3player>http://vaniquotes.org/w/images/661226BG.NY_clip2.mp3</mp3player>
<mp3player>https://s3.amazonaws.com/vanipedia/clip/661226BG.NY_clip2.mp3</mp3player>
<!-- END AUDIO LINK -->
<!-- END AUDIO LINK -->



Latest revision as of 04:15, 15 October 2017



Lecture on BG 9.34 -- New York, December 26, 1966

အာသ်မာ ဝိဉာဉ် ရှိတာနဲ့ပတ်သတ်ပြီး သိရှိနိုင်တဲ့ ထူးခြားတဲ့လက္ခဏာ၆မျိုးရှိပါတယ်။ အဲဒီအထဲမှာ ကြီးထွားမှုဆိုတာလဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အဲဒီ ကြီးထွားမှု ပေါ့နော်။ ဒီခန္ဓာကိုယ်ထဲကနေ အာသ်မာ ဝိဉာဉ် ထွက်သွားပြီဆိုတာနဲ့ တပြိုင်နက် ကြီးထွားမှု မရှိတော့ပါဘူး။ တကယ်လို့ ကလေးအသေလေးမွေးတယ်ဆိုလည်းပဲ ကြီးထွားမှုဆိုတာ မရှိတော့ပါဘူး။ မိဘတွေက အဲဒီကလေးအသေလေးကို ဘာမှအသုံးမဝင်ဘူး။ လွှတ်ပြစ်လိုက်လို့ ပြောလိမ့်မယ်။ အဲဒီလိုပါပဲ။ ဘုရားရှင် ကရိသျှ်ဏ ဟာ အရ်ဂျူနကိုဘပထမဆုံး ဥပမာ တစ်ခုပေးပါတယ်။ "ဒီခန္ဓာထဲမှာ ရှိတဲ့ လောကုတ္တရာ အလင်းရောင်ဟာ သူ့ကြောင့်သာ ဒီခန္ဓာသည် ကလေးငယ်ဘဝမှ လူရွယ်ဘဝသို့ လူရွယ်ဘဝမှ လူငယ်ဘဝသို့ ထိုမှတဆင့် လူကြီးဘဝသို့ ဗပြာင်းလဲနေတာဖြစ်တယ်။ အဲဒါကြောင့် ဒီခန္ဓာဟာ အသုံးမကျတော့ဘူးဆိုတာနဲ့ အာသ်မာဝိဉာဉ်သည် ထိုခန္ဓာကို မသိမသာ စွန့်သွားလေတော့သည်။" ဘဂဝဒ် ဂီသာ ၂.၂၂ ကျွန်တော်တို့ဟာ အဝတ်အစား အဟောင်းကို စွန့်ပြီး အဝတ်အသစ်ကို ဝတ်သလိုပါဘဲ အဲဒီလိုပါပဲ။ ကျွန်တော်တို့ဟာ တခြားခန္ဓာ တစ်ခုကို လက်ခံရတယ်။ ပြီးတော့ အဲဒီလို အခြားခန္ဓာလက်ခံတဲ့အခါ ကိုယ့်စိတ်ကြိုက်ရွေးလို့ မရပါဘူး။ အဲဒီ ရွေးချယ်မှုဟာ လောကကြီးရဲ့ နိယာမအတိုင်းဖြစ်နေတာဖြစ်တယ်။ အဲဒီ ရွေးချယ်မှုဟာ လောကကြီးရဲ့ နိယာမအတိုင်းဖြစ်နေတာဖြစ်တယ်။ သေတဲ့ အချိန်မှာ ပြောလို့မရပေမယ့် စဉ်းစားလို့တော့ရတယ်။ သီခြားဖြစ်တည်မှုတို့ ရွေးချယ်မှုတို့ဟာ အဲဒီအချိန်မှာ သိလာပါလိမ့်မယ်။ ဘဂဝဒ် ဂီသာ ၈.၆ သေတဲ့အချိန်မှာတော့ သင့်ရဲ့ စိတ်နေစိတ်ထား သင့်ရဲ့ အတွေးတွေ ပေါ်လာတဲ့အပ်ါမူတည်ပြီး သင်ဟာ နောက်ခန္ဓာဘဝကိုရရှိမှာဖြစ်တယ်။ ဒါကြောင့် မရှုးသွပ်တဲ့ အသိဉာဏ်ရှိတဲ့သူတစ်ယောက်ဟာဘ သူဟာ မိမိကိုယ်ကို ဒီခန္ဓာမဟုတ်ဘူးဆိုတာကို နားလည်ရမယ်။ ပထမဆုံးကတော့ ကျွန်တော်ဟာ ဒီခန္ဓာ မဟုတ်ဘူးဆိုတာပဲ။ ပြီရင် သူဟာ သူ့ရဲ့ တာဝန်ဟာဘာလဲဆိုတာကိုဘနားလည်လာပါလိမ့်မယ်။ အာသ်မာဝိဉာဉ်အနေနဲ့ သူ့ရဲ့ တာဝန်ဟာဘာလဲ။ သူ့တာဝန်ကို ဘဂဝဒ်ဂီသာကျမ်းရဲ့ အခန်း ၉ နောက်ဆုံးပါဒမှာ မ(န်)မနာ ဘားဝ ဆိုပြီးဖော်ပြထားပါတယ်။ သင်တို့ဟာ အမြဲတိုင်း စဉ်းစားတွေးတောနေကြပါတယ်။ ကျွန်တော်တို့ အားလုံးဟာ တစ်ခုခုကို အမြဲလိုလို စဉ်းစားနေကြတယ်။ မစဉ်းစားဘဲနဲ့တော့ ခဏလေးတောင် သင်မနေနိုင်ပါဘူး။ အဲဒါကတော့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အဲဒါကျွန်တော်တို့ရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ကရိသျှ်ဏ အကြောင်းစဉ်းစားပါ။ ကရိသျှ်ဏ အကြောင်းကို သင်စဉ်းစားကြည့်ပါ။ တစ်ခုခုကိုတော့ သင် စဉ်းစားရမှာပဲ။ ကရိသ်ျှဏ အကြောင်းစဉ်းစားလို့ သင်ဘာအန္တရယ်ရှိလာမှာမို့လို့လဲ။ ကရိသျှ်ဏရဲ့ လုပ်ဆောင်မှုတွေ ကရိသျှ်ဏနဲ့ပတ်သတ်တဲ့ ကျမ်းဂန်တွေ အများကြီး အများကြီးရှိပါတယ်။ ကရိသျှ်ဏ ဒီကိုရောက်လာတယ်။ အခုကျွန်တော်တို့ဆီမှာ စာအုပ်အတွဲပေါင်းများစွာ ရှိလာပါတယ်။ သင်တို့သာ ဘုရားရှင်ကရိသျှ်ဏကို သတိရချင်တယ်ဆိုရင် ကျွန်တော်တို့က စာပေပေါင်းများစွာကို သင်တို့အတွက်စီစဉ်ပေးနိုင်ပါတယ်။ အဲဒီစာပေတွေကို ၂၄နာရီ တစ်နေ့လုံး သင့်ဘဝတစ်သက်လုံး ဖတ်သွားမယ်ဆိုရင်တောင် မပြီးနိုင်ပါဘူး။ ဘုရားရှင် ကရိသျှ်ဏကို သတိရတာနဲ့တင် လုံလောက်ပါတယ်။ ကရိသျှ်ဏကို သတိရပါ။ မ( န်)မနား ဘားဝ ကျွန်တော်က သင့်တို့အကြောင်းကိုလည်းစဉ်းစားလို့ ရတာပဲ။ သူဌေးတစ်ယောက်ဆီမှာ အလုပ်လုပ်နေတဲ့သူလိုပေါ့။ သူဟာ အဲဒီသူဌေးကို တစ်ချိန်လုံး သတိရနေတယ်။ အင်း ငါ၉နာရီ အဲဒီကိုအရောက်သွားရမယ်။ မဟုတ်ရင် သူဌေးကြိုက်မှာ မဟုတ်ဘူး။ သူက အကြောင်းတစ်ခုခု ရှိလို့သတိထားနေတာ။ အဲဒီလိုမျိုးက မကောင်းပါဘူး။ ဒါကြောင့် ဘုရားရှင်က အခုလို မြွက်ကြားထားပါတယ်။ ဘားဝ မဒ် ဘ(က်)သာ ငါ့ကို ချစ်မြတိနိုးစွာ သင်သတိရပါလော့။ သခင်တစ်ယောက်ဟာ ဆရာတော်ပြောချင်တာက အလုပ်သမားတစ်ယောက် သူ့သခင်ကို သတိရတာဟာ ချစ်လို့မဟုတ်ဘူး။ သူက ငွေကြောင့် သတိရနေတာဖြစ်တယ်။ တကယ်လို့ ငါ ရုံးကို ၉နာရီမတက်ရင် ငါနောက်ကျမယ်။ ပြီးတော့ ငါ ၂ဒေါ်လာ လောက်နစ်နာမယ်။ ဒါကြောင့် သူက သခင်ကို သတိရတာမဟုတ် သူဟာ ငွေကို သတိရနေတာဖြစ်တယ်။ ဒါကြောင့် အဲဒီလိုမျိုး အတွေးကတော့ သင့်ကို မကယ်နိုင်ပါဘူး။ ဒါကြောင့် ဘုရားရှင် က မြွက်ကြားထားပါတယ်။ ဘားဝ မဒ် ဘ(က်)သာ ဆိုပြီး ငါ၏ သာဝကဖြစ်လာပါ။ အဲဒီမှာ ငါ့ကိုသတိရတာ မှန်လာလိမ့်မည် ပြီးတော့ ဘ(က်)သီးဆိုတာ ဘာလဲ။ စွဲလမ်းနှစ်သက်မှု... မေတ္တာရှိတယ်ဆိုတာ အလုပ်အကျွေးပြုခြင်းကိုပြောတာပဲ။ ဘုရားရှင်ကို အလုပ်အကျွေးတစ်ခုခု သင်လုပ်ကြည့်ပါ။ ကျွန်တော်တို့ ဒီမှာတစ်ချိန်လုံး လုပ်နေသလိုပေါ့။ သင်တို့ လာတဲ့ အချိန်တိုင်းမှာ ကျွန်တော်တို့ တစ်ခုခု လုပ်နေတာကို တွေ့ပါလိမ့်မယ်။ ကျွန်တော်တို့မှာ အလုပ်တွေအများကြီးရှိပါတယ်။ ကရိသျှ်ဏကို သတိရဖို့သက်သက် ကျွန်တော်လုပ်ထားတာတွေပါ။