MY/Prabhupada 0016 - I Want To Work: Difference between revisions

(No difference)

Revision as of 16:22, 10 April 2015



Invalid source, must be from amazon or causelessmery.com

Lecture on BG 7.1 -- San Francisco, March 17, 1968

ဒါကြောင့် လူတစ်ယောက်ဟာ ဘုရားရှင် ကရိသျှ်ဏကို ဘယ်လိုဆက်သွယ်ရမလဲ ဆိုတာကို သိရမယ်။ ကရိသျှ်ဏဟာ နေရာတိုင်းမှာရှိပါတယ်။ ဒီအသင်းဟာ ကရိသျှ်ဏ အနုဿတိ အသင်းပါပဲ။ ဒါဟာ ကရိသျှ်ဏ အနုဿတိ ပါပဲ။ လူတစ်ယောက်ဟာ ဘုရားရှင် ကရိသျှ်ဏ ရဲ့ ဒီ အဆင်းသဏ္ဍန် လက္ခဏာများမှ ကျွန်တော်တို့ ဘာတွေရနိုင်မလဲ ဆိုတာကိုသိရပါမယ်။ သစ်သားနဲ့ဖြစ်စေ သတ္ထုနဲ့ ဖြစ်စေ ဘာနဲ့ပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ ကရိသျှ်ဏ ဟာ နေရာတိုင်းမှာ ရှိပါတယ်။ သင်က ကရိသျှ်ဏ နဲ့ အရာရာကို ချိတ်ဆက်တတ်ရပါမယ်။ အဲဒါကို ဒီယိုးဂ စနစ်မှာ ရှင်းပြပါလိမ့်မယ်။ သင်တို့ တွေ့ပြီးသင်ယူရပါလိမ့်မယ်။ ဒီ ကရိသျှ်ဏ အနုဿတိဟာလည်းပဲ ယိုးဂပဲဖြစ်တယ်။ ယိုးဂစနစ်တွေအားလုံးထဲမှာမှ အပြီးပြည့်စုံနဲ့ အမြင့်မြတ်ဆုံး ယိုးဂစနစ်ဖြစ်တော်မူပါတယ်။ မည်သူမဆို ယိုးဂီမည်သူမဆို လာပါစေ။ ကျွန်တော်တို့ စိန်ခေါ်ရဲပါတယ်။ ပြီးတော့ ကျွန်တော်တို့ ဒီကရိသျှ်ဏ အနုဿတိဟာ အကောင်းဆုံးစနစ်ဖြစ်တယ်ဆိုတာကို ပြောရဲပါတယ်။ ဒါဟာ အကောင်းဆုံးပါပဲ။ ပြီးတော့ အရိုးရှင်းဆုံးလည်း ဖြစ်ပါတယ်။ သင်တို့ရဲ့ ခန္ဓာကိုယ်ကို သင်တို့လေ့ကျင်ပေးစရာ မလိုပါဘူး။ အားအင် ကုန်ခမ်းတာတို့ ပင်ပန်းတာတို့ ဟာ ကရိသ်ျှဏ အနုဿတိမှာ မရှိပါဘူး။ ကျွန်တော်တို့ ကျောင်းသားတွေ အားလုံးက ကရိသျှ်ဏ အနုဿတိ အလုပ်တွေကို ဆထက်တံပိုး လုပ်ဖို့ကို အင်မတန်မှ စိတ်အားထက်သန်နေကြပါတယ်။ " ဆရာတော်ကြီး ခင်ဗျာ ကျွန်တော် ဘာများလုပ်ပေးရမလဲ။ ကျွန်တော် ဘာများလုပ်နိုင်မလဲ။ " ဆိုပြီးမေးကြပါတယ်။ တကယ်လည်း သူတို့တွေလုပ်နေကြပါတယ်။ အတော်လေးလည်း ကောင်းပါတယ်။ သူတို့ ပင်ပန်းသွားတယ်ဆိုတာ မရှိပါဘူး။ ဒါဟာ ကရိသျှ်ဏ အနုဿတိပါပဲ။ ဒီ ရုပ်လောက ကမ္ဘာကြီးမှာတော့ သင်အလုပ် နည်းနည်းကြာကြာ လုပ်ရင် သင် ပင်ပန်းမှာပါပဲ။ အဲဒီအချိန်မှာ သင်နားဖို့လိုလိမ့်မယ်။ မှန်ပါတယ်။ ကျွန်တော် ချဲ့ကားပြောနေတာ မဟုတ်ပါဘူး။ ကျွန်တော်ဟာ အသက် ၇၂ နှစ်အရွယ် အဖိုးကြီးတစ်ယောက်ပါ။ ကျွန်တော် နေမကောင်းဖြစ်ခဲ့ပါသေးတယ်။ ကျွန်တော် အိန္ဒိယ ပြန်သွားခဲ့ပါသေးတယ်။ ကျွန်တော် ပြန်လာပါတယ်။ ကျွန်တော် အလုပ် လုပ်ချင်တယ်။ ကျွန်တော် အလုပ် လုပ်ချင်ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် ကျွန်တော် ဒီကိစ္စတွေ အားလုံးကနေပြီးတော့ အနားယူသင့်ပါပြီ။ ဒါပေမယ့် ကျွန်တော် အဲဒီလို မခံစားရပါဘူး။ အခုထက်ထိတော့ ကျွန်တော် လုပ်နိုင်ပါသေးတယ်။ ကျွန်တော် အလုပ် လုပ်ချင်ပါတယ်။ ကျွန်တော် လုပ်ချင်ပါတယ်။ နေ့ရော ညပါ။ ညပိုင်းမှာ ကျွန်တော် ဒီတာဖုံးလေးနဲ့ စာတွေဘာသာပြန်ပါတယ်။ ဒါကြောင့် ကျွန်တော် အလုပ်မလုပ်နိုင်တဲ့ အခါမှာ ဝမ်းနည်းလာပါတယ်။ ဒါဟာ ကရိသျှ်ဏ အနုဿတိပါပဲ။ ဒီမှာ လူတစ်ယောက်ဟာ အလုပ်လုပ်ဖို့ကို အင်မတန်မှ တက်ကြွနေရမယ်။ ဒါဟာ အလဟဿ အဖွဲ့ အစည်းမဟုတ်ပါဘူး။ ကျွန်တော်တို့မှာ လုပ်စရာ အလုံအလောက်ရှိပါတယ်။ သူတို့ စာတွေ တည်းဖြတ်နေကြတယ်။ သူတို့ စာတွေ ဖြန့်ဖြူးရောင်းချနေကြတယ်။ ဒါလေးကိုပဲ ကြည့်ပြီး ကရိသျှ်ဏ အနုဿတိ ဘယ်လို ပြန့် ပွားနိုင်တယ်ဆိုတာကို သိနိုင်ပါတယ်။ ဒါဟာ တကယ့် လက်တွေ့ပါ။