MY/Prabhupada 0017 - Spiritual Energy And Material Energy

Revision as of 00:54, 11 April 2015 by Rishab (talk | contribs) (Created page with "<!-- BEGIN CATEGORY LIST --> Category:1080 Burmese (Myanmar) Pages with Videos Category:Prabhupada 0017 - in all Languages Category:MY-Quotes - 1970 Category:MY-...")
(diff) ← Older revision | Latest revision (diff) | Newer revision → (diff)


Invalid source, must be from amazon or causelessmery.com

Lecture on Sri Isopanisad, Mantra 1 -- Los Angeles, May 2, 1970

ဒါကြောင့် ဒီရုပ်လောက ကမ္ဘာကြီးမှာ စွမ်းအင် နှစ်မျိုး ရှိပါတယ်။ တစ်ခုက လောကုတ္တရာစွမ်းအင်ဖြစ်ပြီး နောက်တစ်ခုက လောကီစွမ်းအင် ဖြစ်ပါတယ်။ လောကီစွမ်းအင် ဆိုတာက ဒီ၈မျိုးသော လောကီ ဓာတ်ကြီး ၈ပါးကိုခေါ်တာပါ။ ဘဂဝဒ်ဂီသာကျမ်း ၇.၁၄ မြေ ရေ မီး လေ အာကာသ စိတ် အသိဉာဏ် နဲ့ အတ္တတို့ဖြစ်ပါတယ်။ ဒါတွေအားလုံးဟာ လောကီမှာပါ။ ပြီးတော့ သူတို့တွေဟာ ပိုပိုပြီး တဖြည်းဖြည်း အနုစိတ်လာသလို ပိုပိုပြီးတော့လည်း ထင်ရှားလာပါတယ်။ ရေဟာ မြေကြီးထက် အနုစိတ်သလို မီးဟာ ရေထက် အနုစိတ်ပြီး ပြီးတော့ လေဟာ မီးထက် အနုစိတ်ပါတယ်။ ပြီးတော့ အာကာသ ဟာ လေထက်ပိုပြီးအနုစိတ်ပါတယ်။ ဒီလိုပါပဲ။ အသိဉာဏ်ဟာ အာကာသထက် သို့မဟုတ် စိတ်ဟာ အာကာသထက် ပိုပြီး အနုစိတ်ပါတယ်။ စိတ်ဟာ... ဆရာတော် ဥပမာတွေ အတော်များများပေးဖူးပါတယ်။ စိတ်ရဲ့ အဟုန် အကြောင်း။ မိုင်ပေါင်းထောင်ပေါင်းများစွာကို ၁စက္ကန့် အတွင်း သင်သွားနိုင် ပါတယ်။ ဒါကြောင့် အနုစိတ်ဖြစ်လာလေလေ ပိုပိုပြီး အင်အားကြီးမား လာလေလေ ဖြစ်တယ်။ ဒီလိုပါပဲ။ နောက်ဆုံးမှာတော့ တဖြည်းဖြည်း လောကုတ္တရာဘက်ကို ရောက်လာတဲ့အခါ လောကုတ္တရာ အခြေအနေပေါ်မှာ အားလုံး အခြေခံပေါ်ထွန်းနေတဲ့ အတွက် ပိုပြီးအနုစိတ်လာတယ်။ အဲဒါဟာ အင်မတန်မှ အင်အားကြီးမားလာပါတယ်။ ဒါဟာ လောကုတ္တရာ စွမ်းအင်ပါပဲ။ အဲဒါကို ဘဂဝဒ်ဂီသာကျမ်းထဲမှာ ဖော်ပြထားပါတယ်။ အဒီ လောကုတ္တရာ စွမ်းအင်ဟာ ဘာလဲလို့မေးရင်တော့ လောကုတ္တရာ စွမ်းအင်ဆိုတာ သက်ရှိတွေကို ပဲပြောတာပါ။ ဘဂဝဒ်ဂီသာကျမ်း ၇.၅ ဘုရားရှင် ကရိသျှ်ဏ ကမိန့်ကြားတော်မူပါတယ်။ " ဒါတွေက လောကီစွမ်းအင်တွေပါ။ ဒါတွေရဲ့ လွန်ရာမှာ လောကုတ္တရာ စွမ်းအင် ဆိုတာ ရှိပါသေးတယ်။" အပရေယ(မ်) အပရား ဆိုတာ နိမ့်ကျသောလို့ အဓိပ္ပါယ်ရပါတယ်။ " ဒီဖော်ပြခဲ့တဲ့ လောကီစွမ်းအင် အားလုံးဟာ နိမ့်ကျသော စွမ်းအင်များဖြစ်ကြပေတယ်။ ချစ်သော အရ်ဂျူန ဤ အရာတို့၏လွန်ရာတွင် မြင့်မြတ်သော စွမ်းအင် ရှိပါသေး၏" အဲဒါ ဘာလဲ။ ဒီသက်ရှိတွေ ပဲဖြစ်တယ်။ သူတို့တွေကလည်း စွမ်းအင်တွေပါပဲ။ ကျွန်တော်တို့ သက်ရှိတွေဟာလဲ စွမ်းအင်တွေပဲ။ ဒါပေမယ့် ကျွန်တော်တို့ဟာ ပိုပြီးမြင့်မြတ်တဲ့ စွမ်းအင်တွေဖြစ်ပါတယ်။ ဘယ်လောက်ပိုပြီးမြင့်မြတ်သလဲ။ ဘာလို့လဲဆိုတာကို ဘဂဝဒ်ဂီသာကျမ်း ၇.၅ မှာဖော်ပြထားပါတယ်။ မြင့်မြတ်တဲ့ စွမ်းအင်က နိမ့်ကျသောစွမ်းအင်ကို ထိန်းချုပ်ထားလို့ပဲဖြစ်ပါတယ်။ ဒြပ်မှာ အင်အားမရှိပါဘူး။ လေယာဉ်ပျံကြီး စက်ကောင်းကောင်း နဲ့ လေထဲမှာ ပျံနေတာဟာ လောကီရုပ်ဝတ္ထု နဲ့ လုပ်ထားတာပါ။ ဒါပေမယ့် လောကုတ္တရာ စွမ်းအင်ဖြစ်တဲ့ လေယာဉ်မှုးမရှိဘူးဆိုရင်တော့ အဲဒီလေယာဉ်ပျံကြီးဟာ အသုံးမဝင်တော့ပါဘူး။ လုံးဝ အသုံးမဝင်တော့ပါဘူး။ နှစ်ပေါင်း ထောင်ပေါင်းများစွာ ဒီလေယာဉ်ဟာ လေဆိပ်မှာ ရပ်နေပါလိမ့်မယ်။ တကယ်လို့သာ ဒီလောကုတ္တရာ စွမ်းအင် သေးသေးလေးဖြစ်တဲ့ လေယာဉ်မောင်းသူလာပြီး ထိတဲ့ အထိ အဲဒီလေယာဉ်ဟာ ပျံမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘုရားကို နားမလည်စရာအကြောင်းမရှိပါဘူး။ ရှင်းရှင်းလေးပါပဲ။ ဒီ စက်အကြီးကြီး ဟာ... စက်အကြီးကြီးတွေ အများကြီးရှိပါတယ်။ သူတို့ဟာ လောကုတ္တရာ စွမ်းအင် နဲ့ မထိတွေ့မချင်း မရွေ့နိုင်ပါဘူး။ သက်ရှိ သို့မဟုတ် လူတစ်ယောက် ရဲ့ ထိတွေ့မှု မရှိဘဲနဲ့တော့ မဖြစ်နိုင်ပါဘူး။ ဒါဆိုရင် ဒီလောကကြီးတစ်ခုလုံးဟာ သူ့အလိုလို ဒါမှမဟုတ် ထိန်းချုပ်မှု မရှိဘဲ အလုပ်လုပ်နေတယ်ဆိုတာ သင်ဘယ်လိုလုပ် မျှော်လင့်လို့ ရမလဲ။ သင်ဘယ်လိုလုပ် အဲဒီလို ငြင်းနိုင်မလဲ။ အဲဒါ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အသိဉာဏ် နည်းပါးတဲ့ သူတွေဟာ သူတို့ဟာ ဒီရုပ်လောကကြီးတစ်ခုလုံးကို အမြင့်မြတ်ဆုံး ဘုရားရှင်က ဘယ်လို ထိန်းချုပ်ထားတယ်ဆိုတာကို နားမလည်နိုင်ကြပါဘူး။