MY/Prabhupada 0018 - Faithful At The Lotus Feet Of Guru

The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.


Lecture on SB 6.1.26-27 -- Philadelphia, July 12, 1975

ပ်ရဘူးပါးဒ် : ဒါကြောင့် ကျွန်တော်တို့ဟာ ဒီအချိန်ကို အကျိုးရှိရှိ သုံးပြီး ကျွန်တော်တို့ မွေးလိုက်သေလိုက် ခန္ဓာအသစ်ရလိုက်နဲ့ ဘဝရဲ့ စစ်မှန်တဲ့ အဖြေတစ်ခုကို ထုတ်ရမှာဖြစ်တယ်။ ဒါတွေကို စစ်မှန်တဲ့ ဂုရူ ဆရာထံမှာ မဆည်းပူးဘဲနဲ့ ဘယ်လိုနားလည်လာမှာတုံး။ ဒါကြောင့် ကျမ်းစာတွေထဲမှာ အခုလိုဖော်ပြထားပါတယ်။ " တကယ်လို့သင်ဟာ သင့်ဘဝရဲ့ တကယ့် ပြဿနာကို သိချင်တယ်ဆိုရင် ပြီးတော့ သင်ကုယ်တိုင် ကရသျှ်ဏ အနုဿတိ ဘယ်လိုရှိလာအောင်လုပ်ပြီး တရားစစ်ကို လိုချင်ရင် ထာဝရဖြစ်ချင်လာရင် ဘုရားမြတ်ထံတော်ပါးသို့ ပြန်ချင်ရင် ဂုရူ တစ်ပါးထံ ချဉ်းကပ်ရမှာဖြစ်တယ်။ ဂုရူဆိုတာ ဘယ်သူလဲ။ အဲဒါကိုလည်း ရှင်းပြထားပါတယ်။ ရိုးရိုးလေးပါပဲ။ ဂုရူဟာ " မင်းဒါကိုလုပ် ငါ့ကို ပိုက်ဆံပေး ဒါဆို မင်းပျော်လာလိမ့်မယ်" ဆိုတဲ့ အတွေးအခေါ် တွေကို ဘယ်တော့မှ မဖန်တီးပါဘူး။ အဲဒါ ဂုရူ မဟုတ်ပါဘူး။ အဲဒါ ပိုက်ဆံရှာနည်းနောက်တစ်မျိုး ပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီမှာပြောထားတာပါ။ လူတိုင်း အရူးကမ္ဘာထဲမှာ ပျော်ရွှင်စွာနေထိုင်နေကြတယ်လို့။ အဂျားမီလ် လို မိမိရဲ့ စိတ်ကူးအသစ်တွေကို ဖန်တီးယူသလိုပေါ့။ ဒါဟာ ငါ့အလုပ်ပဲဆိုပြီး လူတချို့ တာဝန်ယူကြသလိုပေါ့။ သင်ဟာ သင့်ရဲ့ တကယ့်အလုပ်ဟာ ဘာလဲဆိုတာကို ဂုရူဆီကနေ ဆည်းပူးရမှာဖြစ်တယ်။ သင်တို့ နေ့တိုင်းဆိုနေကြတဲ့ ဂုရူ ပူဂျာထဲကလိုပါပဲ။ အဲဒါဟာ ဘဝပဲဖြစ်တယ်။ စစ်မှန်တဲ့ ဂုရူ ကို လက်ခံပြီးတော့ အဲဒီဂုရူကဘာခိုင်းသလဲ အဲဒါကို လုပ်ရုံပါပဲ။ ဒါဆို သင့်ဘဝဟာ အောင်မြင်လာပါလိမ့်မယ်။ အသုံးမကျတဲ့ သင်ဟာ တခြားဘာကိုမှ ဆန္ဒမရှိနဲ့။ သင်တို့ နေ့တိုင်ဆိုနေတယ် မဟုတ်လား။ ဒါပေမယ့် အဓိပ္ပါယ်ကိုကော နားလည်ရဲ့လား။ ဒါမှမဟုတ် ဆိုရုံ သက်သက်ပဲလား။ ဘာအဓိပ္ပါယ်တုံး။ ဘယ်သူကရှင်းပြမှာလဲ။ ဘယ်သူမှ မသိကြဘူးလား။ ဘာအဓိပ္ပါယ်လည်းဆိုတာ။ သာဝကတစ်ဦး : ကျွန်ုပ်၏ တစ်ခုတည်းသော ဆုတောင်းမှာ ကျွန်ုပ်၏စိတ်သည် လောကုတ္တရာ ဆရာတော်၏ နှုတ်မှ ထွက်လာသော စကားများကြာင့် ဖြူစင်လာစေလိုပါ၏ ကျွန်ုပ်တွင် ဤအရာမှလွဲ၍ တခြား ဆန္ဒမရှိပါ။ ပ်ရဘူးပါးဒ်: ဟုတ်တယ်။ ဒါဟာ ဂုရူရဲ့ အမှာစကားပဲ။ ဒီမှာ ကျိသ ဆိုတာ အနုဿတိ ဒါမှမဟုတ် နှလုံးသားကို ပြေတာဖြစ်တယ်။ " ဒါကို ငါလုပ်ရမယ်။ ဒါပဲ။ ငါ့ ဆရာတော် ငါ့ကို မှာထားတယ်။ ဒါကို ငါလုပ်ရမယ်။" ဂုရူပူဂျာ မှ ဒါကြောင့် ကျွန်တော့်မှာ အရည်အချင်းမရှိသော်ငြား ဆရာတော်ရဲ့ ညွှန်ကြားချက်ကြောင့် ကျွန်တော် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တောလောကုတ္တရာညီနောင်များထက်ပိုပြီး အေင်မြင်မှုများမှန်သမျှဟာ အဲဒီလို စိတ်ထားကြောင့်ဖြစ်တယ်။ ကျွန်တော်မှာ အရည်အချင်းမရှိပါဘူး။ ဒါပေမယ့် ကျွန်တော်ဟာ ကျွန်တော့်ဆရာတော်ရဲ့ စကားကို အသက်တမျှ တန်ဖိုးထားပါတယ်။ ဒါကြောင့် ဒီကိစ္စဟာ အမှန်တရားဖြစ်တယ်။ လူတိုင်းဒါကို လိုက်နာရပါမယ်။ ဒါပေမယ့် လူတစ်ယောက်ဟာ တကယ်လို့ အဲဒါကို ထပ်ပေါင်းမယ် ပြောင်းဖို့ကြိုးစားရင်တော့ အဲဒီလူဟာ သွားပြီပဲ။ ဘာကိုမှ ထပ်မပေါင်း မပြောင်းရဘူး။ သင်တို့ ဂုရူ ဆရာထံကို ချဉ်းကပ်ရမယ်။ ဂုရူဆိုတာ ဘုရားရှင် ကရိသျှ်ဏ ရဲ့ သစ္စာ စောင့်သိတဲ့ ကျွန်ပဲဖြစ်တယ်။ ပြီးတော့ ဘုရားရှင် ကို ဘယ်လို အလုပ်အကျွေးပြုဖို့ဆိုတာကို သူ့လမ်းညွှန်ချက်ကို ယူပါ။ ဒါဆို သင်တို့အောင်မြင်လာပါလိမ့်မယ်။ တကယ်လို့ သင်ကလုပ်ကြံပြီး " ငါကတော့ ငါ့ဆရာတော်ထက် တော်တယ် ငါတော့ ထပ်ပေါင်း ပြောင်းလို့ရတယ်။" ဆိုရင်တော့ သင်ဟာ သေပြီပဲ။ ဒါလေးပါပဲ။ ကဲဆက်ဆိုကြပါ။ သာဝက: ပ်ရဘုးပါးဒ်: သင်တကယ် တိုးတက်ချင်တယ်ဆိုရင် ဂုရူဆရာတော်ရ့ ပဒုမ္မာခြေတော်ရင်းမှာ သစ္စာရှိစွာခိုလှုံရမှာဖြစ်တယ်။ သာဝက: ပ်ရဘူးပါးဒ်: ဒါဟာ ဝိတ်သျှ်နဝ အတွေးအခေါ်တစ်ခုလုံးရဲ့ လမ်းညွှန်ချက်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဒါကို ကျွန်တော်တို့ နားမလည်သေးသ၍ ကျွန်တော်တို့ဟာ မူရ်ခ ခေါ် အရူးတွေပဲဖြစ်နေအုံးမှာဖြစ်တယ်။ ဒါကို ဒီ အဂျားမီလ ဥပခါယန မှာ ရှင်းပြထားပါတယ်။ ဒီနေ့ ကျွန်တော်တို့ ဟာ ဒီပါဒကို ဖတ်နေတာဖြစ်တယ်။ ဒီမှာထပ်ပြောထားပါတယ်။ ဒီမှာ ဝ်ယာဆူဒးဝ် က ထပ်ပြီးပြောထားပါသေးတယ်။ " ဒီအရူးဟာ သူ့ သား နာရားယန ဆိုတဲ့ နာမည် အသိနဲ့ မျောနေတာဖြစ်တယ်။ သူမသိရှာဘူး။ ဒီနာရားယန ဆိုတာ ဘာလဲဆိုတာကို။ သူ့သားကိုပဲ သူသိတယ်။ ဒါပေမယ့် နာရားယန ဘုရားရှင်ကတော့ အင်မတန်မှ ကရုဏာကြီးမားတော်မူပါတယ်။ ဘာလို့လဲဆိုတော့ သူက သူ့ရဲ့နာမတော်ကို တချိန်လုံး ခေါ်နေတဲ့အတွက်ဖြစ်တယ်။ " နာရားယန ရေ ဒီကိုကျေးဇူးပြုပြီး လာစမ်းပါအုံး။ နာရားယန ရေ ဒါလေး လာယူပါအုံး" ဒါကို ကရိသျှ်ဏက သူ နာရားယန နာမတော်ကို သီကျူးနေတာပဲ လို့ ယူလိုက်တယ်။ ကရိသျှ်ဏ ဟာ ကရုဏာ ကြီးလွန်းပါတယ်။ အခုနက လူဟာ သူဘယ်တုံးကမှ ငါကတော့ ဘုရားရှင် နာရားယန ဆီ သွားမယ်လို့ မရည်ရွယ်ဖူးပါဘူး။ သူက သူ့သားကို ပဲ သူချစ်လို့ တောင့်တတာဖြစ်တယ်။ ဒါပေမယ့် သူဟာ နာရားယန ဆိုတဲ့ နာမတော်ကို သီကျူးခွင့် ရသွားတယ်။ ဒါဟာ သူ့ကံကောင်းခြင်းပဲ။ ဒါကြောင့် ကျွန်တော်တို့ ဟာ မိမိကိုယ်ကို အမည်ပြောင်းကြတာဖြစ်တယ်။ ဘာလို့လဲဆိုတော့ နာမည်တိုင်းဟာ ဘုရားရှင် ကရိသျှ်ဏ ရဲ့ အစေအပါး ဖြစ်ဖို့ ရည်ရွယ်လို့ပဲဖြစ်တယ်။ ဥပေန်ဒရ လိုပေါ့။ ဥပေန်ဒရ ဆိုတာ ဝါမနဒေဝကို ပြောတာဖြစ်တယ်။ ဒါကြောင့် တကယ်လို့ ဥပေန်ဒရ ဥပေန်ဒရ လို့ခေါ်တိုင်း ဘုရားရှင် ရဲ့ နာမတော် အနေနဲ့ အကျုံးဝင်နေမှာဖြစ်တယ်။ ဒါကို နောက်ပိုင်းမှာရှင်းပြပါမယ်။