MY/Prabhupada 0012 - The Source Of Knowledge Should Be By Hearing

From Vanipedia
Jump to: navigation, search

The Source Of Knowledge Should Be By Hearing - Prabhupāda 0012


Lecture on BG 16.7 -- Hawaii, February 3, 1975

ကျွန်ုပ်တို့ အားလုံးဟာ ပြီးပြည့်စုံတဲ့သူတွေ မဟုတ်ပါဘူး။ ကျွန်ုပ်တို့ဟာ မိမိတို့ရဲ့ မျက်လုံးတွေအပေါ် အင်မတန်မှ ဂုဏ်ယူလေ့ရှိကြတယ်။ " ကျွန်တော့်ကို ပြနိုင်သလားဆိုပြီးတော့" သင်တို့ရဲ့ မျက်လုံးတွေမှာ ဘာအရည်အချင်းရှိလို့ သင်တို့မြင်နိုင်မှာလဲ။ လူတစ်ယောက်ဟာ " ငါ့မှာတော့ ဘာအရည်အချင်းမှ မရှိဘးဆိုပေမယ့် ငါမြင်ချင်တယ်" ဆိုတဲ့ အတွေးမျိုးမရှိဘူး။ ဒီမျက်လုံးတွေဟာ အခြေအနေများစွာပေါ် မှီခိုနေတာဖြစ်တယ်။ အခုဒီမှာ သင်တို့မြင်တဲ့အတိုင်းပဲ လျှပ်စစ်မီးရှိတယ်။ လျှပ်စစ်မီး မရှိတာနဲ့ တပြိုင်နက် သင်မမြင်ရတော့ဘူး။ ဒါဆို သင်မျက်လုံးမှာ ဘာတန်ဖိုးရှိလို့လဲ။ ဒီအုတ်နံရံ ရဲ့ နောက်မှာ ဘာတွေဖြစ်နေလဲဆိုတာ သင်မမြင်နိုင်ပါဘူး။ ဒါကြောင့် အသိဉာဏ်ရဲ့ အခြေခံဆိုပြီး ဒီအာရုံ တွေကို မယုံကြပါနဲ့။ အသိဉာဏ် တရားတော်ရဲ့ အခြေခံဟာ နားထောင်ခြင်းဖြစ်တယ်။ အဲဒါကို စူရူသီး လို့ခေါ်ပါတယ်။ ဒါကြောင့် ဝေဒကျမ်းဂန်တို့ရဲ့ နာမတော်ဟာလဲ စူရူသီးလို့ခေါ်ပေတယ်။ ကလေးတစ်ယောက် ဒါမှမဟုတ် ကောင်လေးတစ်ယောက်ဟာ သူ့အဖေ ဘယ်သူဆိုတာသိချင်တယ်ဆိုပါတော့။ ဒါဆို ဘာအထောက်အထားရှိသလဲ။ အထောက်အထားကတော့ စူရူသီးပါပဲ။ အမေဆီက နားထောင်ရမှာဖြစ်တယ်။ အမေက ပြောတယ်။ " သူဟာမင်းရဲ့အဖေဖြစ်တယ်" လို့။ အဲဒီလိုပြောတာကို သူကြားနာတယ်။ သူဟာ အဲဒီလူ သူ့ အဖေဘယ်လိုဖြစ်လာလဲ ဆိုတာကို သူမမြင်ပါဘူး။ သူခန္ဓာကိုယ်စတင်ပြီး မဖြစ်တည်ကတည်းက သူ့အဖေကရှိခဲ့တာကို သူဘယ်လိုလုပ်မြင်နိုင်မှာလဲ။ ဒါကြောင့် သင်ရဲ့ အဖေဟာ ဘယ်သူလဲဆိုတာ မြင်တွေ့ခြင်းအားဖြင့် မသိနိုင်ပါဘူး။ ဒါနဲ့ပတ်သတ်ပြီး သိရှိတဲ့ ပုဂ္ဂိုလ်ဆီက နားထောင်ရမှာဖြစ်တယ်။ ဒီနေရာမှာ အမေဟာ သိရှိတဲ့ သူပဲဖြစ်တယ်။ ဒါကြောင့် အထောက်ထားဆိုတာ နားထောင်ခြင်း ကြားနာခြင်းဖြစ်တယ်။ မြင်တွေ့ခြင်းမဟုတ်ပါဘူး။ ကျွန်ုပ်တို့ မျက်လုံးတွေနဲ့ မြင်နိုင်ဖို့ အတားအဆီးများစွာရှိပါတယ်။ ဒီလိုပါဘဲ။ တိုက်ရိုက်ခံစားသိရှိခြင်းဖြင့် အမှန်တရားကို မသိနိုင်ပါ။ တိုက်ရိုက် ခံစားသိရှိခြင်းဟာ တွေးဆထားခြင်းပဲဖြစ်တယ်။ ဒေါက်တာ မောင်ဖားလိုပေါ့။ ဒေါက်တာ မောင်ဖားဟာ အတ္တလန္တိတ် သမုဒ္ဒရာဟာ ဘာကြီးလဲဆိုပြီးတွေးဆနေသလိုပေါ့။ သူက ၃ပေလောက်ရှိတဲ့ ရေတွင်းထဲမှာ နေတယ်။ သူ့မိတ်ဆွေတွေက သူ့ကိုပြောကြတယ်။ " ကျွန်တော်တို့ ရေတွေအများကြီးရှိတဲ့ နေရာကိုတွေ့ဖူးတယ်။" " ရေတွေအများကြီးရှိတဲ့ နေရာဆိုတာ ဘာလဲ။" " အတ္တလန္တိတ် သမုဒ္ဒရာ ကိုပြောတာပါ။" " အဲဒါ ဘယ်လောက်ကြီးလို့လဲ။" " အရမ်းကို ကြီးပါတယ်။" ဒါနဲ့ ဒေါက်တာ မောင်ဖားက စဉ်းစားတယ်။ " လေးပေလောက်ရှိမယ်ထင်တယ်။" ဒီ ရေတွင်းက သုံးပေနက်တယ်။ အဲဒီ သမုဒ္ဒရာဆိုတာလေးပေလောက် ရှိမှာပေါ့။ မသကာ ငါးပေပေါ့ကွာ။ ကဲနောက်ဆုံး ဆယ်ပေပေါ့။ ဒီလိုနဲ့ပဲ တွေးဆနေရင် ဒီ ဒေါက်တာမောင်ဖားဟာ ဘယ်လိုလုပ်ပြီး အတ္တလန္တိတ် သမုဒ္ဒရာတို့ ပစိဖိတ် သမုဒ္ဒရာတို့ကို နားလည်နိုင်မှာတုံး။ အဲဒီ အတ္တလန္တိတ် သမုဒ္ဒရာတို့ ပစိဖိတ် သမုဒ္ဒ္ဒရာတိုရဲ့ အလျားတို့ အနံတို့ကို စိတ်မှန်းနဲ့ တွေးဆလို့ရနိုင်ပါ့မလား။ စိတ်ကူးနဲ့ တွေးဆလို့တော့ မရနိုင်ပါဘူး။ ဒီလူတွေ နှစ်ပေါင်းများစွာ စကြာဝဠာကြီးနဲ့ပတ်သတ်ပြီး ခန့်မှန်းတွေးဆနေကြတာပဲ။ ဒီစကြာဝဠာကြီးထဲမှာ ကြယ်တွေဘယ်နှစ်ခုရှိသလဲ။ ဒီစကြာဝဠာ ကြီးရဲ့ အလျားနဲ့ အနံကဘယ်လောက်လဲ စသဖြင့်... ဘယ်သူမှ ဒီရုပ်လောက သဘာဝတရားကြီးနဲ့ ပတ်သတ်ပြီးတောင်မှ ဘာမှ သေချာမသိတာ လောကုတ္တရာလောက အကြောင်းကတော့ ဆိုဖွယ်ရာမရှိပေဘူး။ လောကုတ္တရာ အကြောင်းကတော့ အတော့်ကို အလှမ်းဝေးသွားပြီ။ ဘဂဝဒ်ဂီသာကျမ်း ၈ .၂၀ ဘဂဝဒ်ဂီသာကျမ်းမှာ သင်တို့ တွေ့နိုင်ပါတယ်။တခြားလောက တစ်ခုရှိသေးတယ်ဆိုတာ။ ဒီလောက ကတာ့ သင်တို့မြင်နေရတဲ့အတိုင်း ကောင်းကင် လုံးလုံးကြီးရှိတယ်။ အဲဒီ့ အထက်မှာ ဓာတ်ကြီးငါးပါး အလွှာတွေရှိသေးတယ်။ ဒါက အခွံဘဲရှိသေးတယ်။ အုန်းသီးကို မြင်ဖူးတယ်မဟုတ်လား။ အပြင်မှာ အခွံမာ ရှိတယ်။ အထဲမှာတော့ အုန်းရေရှိတယ်။ အဲဒီလိုမျိုးပါပဲ။ ဒီအခွံထဲမှာ... ဒီလောကကြီးရဲ့ အပေါ်ယံ အလွှာ ရဲ့ အပြင်မှာ အဆပေါင်းထောင်ပေါင်းများစွာ ကြီးမားတဲ့ ရေ လေ မီး အလွှာတွေရှိတယ်။ အဲဒီ အလွှာတွေကို ဖြတ်ကျော်ပြီးမှသာလျှင် လောကုတ္တရာလောက သို့ရောက်ရှိမှာဖြစ်တယ်။ စကြာဝဠာတွေဟာ အနန္တရှိတယ်။ ဘ်ရမ စမီသာ ၅.၄၀ ဂျဂဒ် အန္တ ဆိုတာ စကြာဝဠာကြီးကိုပြောတာဖြစ်တယ်။ ကိုးတီး ဆိုတာ သန်းပေါင်းများစွာ ပေါင်းစည်းထားတာကိုပြောတာ။ အဲဒါ ဒီရုပ်လောကကြီးပဲ။ အဲဒီ ရုပ်လောက ကမ္ဘာကြီး အလွန်မှာ လောကုတ္တရာလောက ဆိုတဲ့နောက်ထက်လောကတစ်ခုရှိတယ်။ အဲဒီမှာလဲ ကောင်းကင်ရှိတယ်။ ပါရ်ဝယိုမ လို့ခေါ်တယ်။ ဒါကြောင့် သင်တို့ရဲ့ အာရုံလေးတွေနဲ့ နေကမ္ဘာ တို့ လကမ္ဘာတို့ကို ခန့်မှန်းလို့ မရပါဘူး။ ဒီကမ္ဘာမြေကြီးကိုလည်းဒီလိုပါပဲ။ ဒါဆို လောကုတ္တရာလောကကို ဘယ်လိုလုပ်ပြီး ခန့်မှန်းနိုင်မလဲ။ ဒါဟာ ရူးနေတာပဲဖြစ်တယ်။ ဒါကြောင့် ကျမ်းစာတွေက ဒီလိုပြောထားပါတယ်။ အကျင်န်သယ ဆိုတာ မိမိတို့ရဲ့ အာရုံတွေရဲ့လွန်ရာမှာ ရှိတဲ့ ကိစ္စတွေကို မငြင်းပါနဲ့။ နားလည်ဖို့ မကြိုးစားပါနဲ့။ မခန့်မှန်းပါနဲ့။ ဒါဟာ ရူးသွပ်ခြင်းပဲဖြစ်တယ်။ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်သာလျှင် ကျွန်တော်တို့ဟာ ဂူရူ ဆရာတ်ာဆီကို ချဉ်းကပ်ရတာဖြစ်ပေတယ်။ မဟာ ဥပနီသျှ်ဒ် ၁ .၂.၁၂ ဒါဟာ နည်းလမ်းပဲဖြစ်တယ်။