MY/Prabhupada 0001 - Expand to Ten Million

Revision as of 10:17, 6 June 2020 by SrivasPandit (talk | contribs)
(diff) ← Older revision | Latest revision (diff) | Newer revision → (diff)


Lecture on CC Adi-lila 1.13 -- Mayapur, April 6, 1975

ဘုရားရှင် ရှရီကျိတ်သံနျမဟာပ်ရဘူး မှ အာကျာရ်ယ များဖြစ် သော နိသယနန္ဒ ပ်ရဘူး၊ အဒ်ဝေးသ ပ်ရဘူးနှင့်တကွ ရှရီဝါစာဒီ ဂေါ်ရဘ(က်)သာများအားလုံးကို မိန့်ကြားတော်မူတယ်။ သူတို့တွေ အားလုံးဟာ ဘုရားရှင် ရှရီကျိတ်သံနျမဟာပ်ရဘူး၏ သြဝါဒများကို တစ်သွေမတိန်း ထမ်းဆောင်ခဲ့ကြသူများ ဖြစ်တယ်။ ဒါကြောင့် ဒီလို အာကျာရ်ယလမ်းစဉ်များကို ကြိုးစားပြီး လိုက်နာဆောင်ရွက်ကြပါ။ ဒါဆို ဘဝဟာ အောင်မြင်လာပါလိမ့်မယ်။ အာကျာရ်ယာဖြစ်ဖို့မခက်ပါဘူး။ ပထမဆုံးအနေနဲ့ သင့်ရဲ့ လမ်းညွှန်ဆရာတော်ရဲ့ ယုံကြည်စိတ်ချရတဲ့ သာဝကဖြစ်ဖို့ သူ့ရဲ့ စကားကို အတိအကျ လိုက်နာပါ။ သူ့ကို ကျေနပ်ပျော်ရွှင်အောင် ဆောင်ရွက်ရင်း ကရိသျှ်ဏ အနု ဿတိ ကို ပြန့်ပွားအောင် အားထုတ်ပါ။ ဒါလောက်လေးပါပဲ။ ဒီကိစ္စက တစ်အားကြီး မခက်ပါဘူး။ သင့်ရဲ့ ဂုရုဆရာ အရှင်ရဲ့ သြဝါဒကို လိုက်နာပြီး ကရိသျှ်ဏအနုဿ တိ ကို ပြန့်ပွားပါ။ ဒါဟာ ဘုရားရှင် ကျိတ်သံနျရဲ့ အမိန့်တော် ဖြစ်တယ်။

āmāra ajñāya guru hañā tāra' ei deśa
yāre dekha tāre kaha 'kṛṣṇa'-upadeśa
(CC Madhya 7.128)

“ငါဘုရားရှင်၏ သြဝါဒကို နာခံခြင်းဖြင့် အသင်သည် ဂုရုဆရာရှင် ဖြစ်လာလိမ့်မည်” အကယ်၍ ကျွန်တော်တို့သာ အာကျာရ်ယာများရဲ့ လမ်းစဉ်အတိုင်း တိတိကျကျ လိုက်နာပြီး ဘုရားမြတ် ကရိသျှ်ဏရဲ့ လမ်းညွှန်ချက်များကို ပြန့်ပွားအောင် အကောင်းဆုံး ကြိုးစားရမှာဖြစ်တယ်။ Yāre dekha tāre kaha 'kṛṣṇa'-upadeśa (CC Madhya 7.128). ဘုရားမြတ် ကရိသျှ်ဏအကြောင်း ကရိသျှ်ဏ ဥပဒေးရှ နှစ်မျိုးနှစ်စား ရှိပါတယ်။ ဥပဒေးရှဆိုတာ လမ်းညွှန်ချက် ဖြစ်တယ်။ ဘုရားမြတ်ကရိသျှ်ဏက မြွတ်ကြားခဲ့သော လမ်းညွှန်ချက်တွေဟာ ကရိသျှ်ဏဥပဒေးရှဖြစ်သလို ဘုရားမြတ်ကရိသျှ်ဏနဲ့ ပတ်သက်သော အကြောင်းအရာများဟာလဲ ကရိသျှ်ဏ ဥပဒေးရှ ဖြစ်တော်မူတယ်။ Kṛṣṇasya upadeśa iti kṛṣṇa upadeśa. Samāsa, śāsti-tat-puruṣa-samāsa. ပြီးတော့ Krsna visaya upades ဒါဟာလည်း ကရိသျှဏဥပဒေးရှ ဖြစ်တယ်။ Bāhu-vrīhi-samāsa. ဒါဟာ Sanskrit သဒ္ဒါကို အနုစိတ်လေ့လာပုံနည်းလမ်းပဲ ဖြစ်တယ်။ ဒါကြောင့် ကရိသျှ်ဏဥပဒေးရှဆိုတာ ဘဂဝဒ်ဂီသာကျမ်းဘဲ ဖြစ်တော်မူတယ်။ ဘုရားရှင်ကိုယ်တိုင် တိုက်ရိုက် လမ်းညွှန်ချက်တွေ ပေးထားတော်မူတယ်။ ဒါကြောင့် ကရိသျှ်ဏ ဥပဒေးရှ လုပ်ချင်သူဟာ ဘုရားမြတ် ကရိသျှ်ဏမြွတ်ကြားထားတာတွေကို ပြန်ပြောပြရုံနဲ့ အာကျာရ်ယာလို့ခေါ်တဲ့ သာသနာ အာဏာပိုင် ဖြစ်လာလိမ့်မယ်။ လုံးဝ မခက်ပါဘူး။ အဲဒီမှာ (ဘဂဝဒ်ဂီသာ) မှာ အားလုံး ဖော်ပြထားပြီးသာ ဖြစ်တယ်။ ကျွန်တော်တို့က ကြက်တူရွေးလို ပြန်ပြောရုံပဲ။ ကြက်တူရွေးလို လုံးဝကြီးတော့ မဟုတ်ဘူးပေါ့။ ကြက်တူရွေးကတော့ အဓိပ္ပာယ် ဘယ်နားလည်ပါ့မလဲ။ အသံပဲ တူအောင် မြည်တတ်တာ။ ဒါပေမယ့် သင်ကတော့ အဓိပ္ပာယ်နားလည်ရမယ်။ နားမလည်ရင် ဘယ်လိုလုပ် ရှင်းပြနိုင်မှာတုံး။ ကျွန်တော်တို့အားလုံးဟာ ကရိသျှ်ဏအနုဿတိကို ပြန့်ပွားအောင် ကြိုးစားချင်တယ်။ မိမိကိုယ်ကို ဘုရားမြတ်ကရိသျှ်ဏရဲ့ လမ်းညွှန်ချက်တွေကို လွဲမှားသော အဓိပ္ပာယ် ပြန်ဆိုမှု မပါဘဲ ဘယ်လို အကောင်းဆုံး ပြန်ပြောမလဲဆိုတာကို ပြင်ဆင်ပါ။ ဒါမှ အနာဂတ်မှာ … ယခု သင်တို့ အယောက် တစ်သောင်းရှိတယ် ဆိုပါစို့။ ကျွန်တော်တို့ သိန်းဂဏန်းဖြစ်လာမယ်။ ဒါ လိုအပ်တယ်။ ပြီးရင် သိန်းမှသန်း၊ သန်းမှ ကုဋေ ဖြစ်လာမယ်။ ဒါဆို သာသနာအာဏာပိုင် ရှားပါးမှုဆိုတာ မရှိတော့ဘူး။ လူတွေဟာ ကရိသျှ်ဏအနုဿတိကို အလွယ်တကူ နားလည်လာကြလိမ့်မယ်။ အဲဒီလို အဖွဲ့အစည်းဖြစ်အောင် လုပ်ကြပါ။ မှားယွင်းစွာနဲ့ ဘဝမြင့် မနေကြပါနဲ့။ သာသနာ အာဏာပိုင်တွေ့ရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာရင်း မိမိကိုယ်ကို ရင့်ကျက်လာအောင် ပြည့်စုံလာ အောင် ကြိုးစားပါ။ ဒါဆို လောကီ မာယာကို တွန်းလှန်ဖို့ လွယ်ကူလာလိမ့်မယ်။ ဟုတ်တယ်။ အာကျာရ်ယာ တွေဟာ မာယာရဲ့ စွမ်းဆောင်ချက်တွေပေါ်ကို စစ်ကြေညာသူတွေ ဖြစ်တယ်။

Read more: https://vanipedia.org/wiki/MY/Prabhupada_0001_-_Expand_to_Ten_Million#ixzz6OZy4reWK