MY/Prabhupada 0019 - Whatever You are Hearing, You Should Say to Others: Difference between revisions
(Created page with "<!-- BEGIN CATEGORY LIST --> Category:1080 Burmese (Myanmar) Pages with Videos Category:Prabhupada 0019 - in all Languages Category:MY-Quotes - 1967 Category:MY-...") |
(Vanibot #0005 edit: add new navigation bars (prev/next)) |
||
Line 8: | Line 8: | ||
[[Category:Burmese (Myanmar) Language]] | [[Category:Burmese (Myanmar) Language]] | ||
<!-- END CATEGORY LIST --> | <!-- END CATEGORY LIST --> | ||
<!-- BEGIN NAVIGATION BAR -- DO NOT EDIT OR REMOVE --> | |||
{{1080 videos navigation - All Languages|Burmese (Myanmar)|MY/Prabhupada 0018 - Faithful At The Lotus Feet Of Guru|0018|MY/Prabhupada 0001 - Expand to Ten Million|0001}} | |||
<!-- END NAVIGATION BAR --> | |||
<!-- BEGIN ORIGINAL VANIQUOTES PAGE LINK--> | <!-- BEGIN ORIGINAL VANIQUOTES PAGE LINK--> | ||
<div class="center"> | <div class="center"> | ||
Line 20: | Line 23: | ||
<!-- BEGIN AUDIO LINK --> | <!-- BEGIN AUDIO LINK --> | ||
<mp3player> | <mp3player>https://s3.amazonaws.com/vanipedia/clip/670323SB-SF_clip.mp3</mp3player> | ||
<!-- END AUDIO LINK --> | <!-- END AUDIO LINK --> | ||
Latest revision as of 04:17, 15 October 2017
Jagannatha Deities Installation Srimad-Bhagavatam 1.2.13-14 -- San Francisco, March 23, 1967
တကယ်လို့ သင်တို့ ကျွန်ုပ် အကြောင်းသိချင်တယ် ဒါမှမဟုတ် တစ်ခုခု သိကြတယ်ဆိုပါစို့။ မိတ်ဆွေတွေကို မေးလို့ရတယ်။ " ဆရာတော်ကြီး နေကောင်းလား။" ဆိုပြီး။ သူက တစ်ခုခု ပြောလိမ့်မယ်။ အခြားသူတွေကလည်း တစ်ခုခု ပြောပါလိမ့်မယ်။ ဒါပေမယ့် ကျွန်ုပ်ကိုယ်တိုင် သင့်ကို ကျွန်ုပ်အကြောင်း ရှင်းပြတယ်ဆိုပါတော့။ " ဒါဟာ ကျွန်ုပ်ပဲ။ ကျွန်ုပ်ဟာ ဒါပဲ" ဆိုပြီး ပြောခဲ့သည် ရှိသော် အဲဒါဟာ ပိုပြီးပြည့်စုံပါလိမ့်မယ်။ အဲဒါက ပိုပြီး ပြည့်စုံပါတယ်။ ဒီလိုပါပဲ။ တကယ်လို့ သင်က ပကတိသစ္စာဖြစ်တော်မူတဲ့ အမြင့်မြတ်ဆုံး ဘုရားရှင် အကြောင်းကို သိချင်တယ် ဆိုရင် ခန့်မန်းနေလို့ တရားရှုမှတ်နေလို့ မရပါဘူး။ အဲဒါ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သင်ရဲ့ အာရုံတွေဟာ မပြည့်စုံလို့ပဲဖြစ်တယ်။ ဒါဆို ဘာလုပ်ရမှာလဲ။ ဘုရားရှင် ဆီကနေ နားထောင်ရမှာ ဖြစ်တယ်။ ဒါကြောင့် ဘုရားရှင် ကရုဏာကြီးမားစွာဖြင့် ဘဂဝဒ်ဂီသာကျမ်းကို ဟောဖို့ အတွက် ဆင်းသက်ကြွလာတော်မူပါတယ်။ ရှရိုသဝ်ယ နားထောင်ဖို့ပဲကြိုးစားပါ။ ရှရိုသဝ်ယ နဲ့ ကီရ်သီသဝ်ယစ် ကျ။ တကယ်လို့ ကရိသျှ်ဏ အနုဿတိတရားတော်ကို နားထောင်ပြီး အပြင်ရောက်တာနဲ့ မေ့သွားမယ်ဆိုရင်တော့ မကောင်းဘူးပေါ့။ အဲဒါကတော့ ဘာမှတိုးတက်လာမှာ မဟုတ်ဘူး။ ဒါဆို ဘာကတိုးတက်စေမှာလဲ။ ကီရ်သီသဝ်ကျ " မိမိကြားခဲ့တာ ဘာပဲဖြစ်နေပါစေ အဲဒါကို တခြားသူတွေကို ပြန်ပြောပြပါ။" အဲဒါမှ ပြီးပြည့်စုံလာပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ ဘုရားမြတ်ထံတော်ပါးသို့ မဂ္ဂဇင်းကို တည်ထောင်ခဲ့တာပါ။ တပည့်သာဝကတွေအနေနဲ့ သူတို့ ကြားတာကို စဉ်းစားဆင်ခြင်ပြီး ရေးသားခွင့်ပေးထားပါတယ်။ ကီရ်သီသဝ် ကျ ။ နားထောင်ရုံ သက်သက် မဟုတ်ပါဘူး။ " ကျွန်တော်တော့ နှစ်ပေါင်းသန်းနဲ့ ချီပြီး နားထောင်နေတာပဲဗျာ။ အခုထက်ထိ ကျွန်တော်တော့ နားမလည်သေးဘူးဗျာ။ " အဲဒါဘာလို့လဲ ဆိုတော့ သင်ပုတီး မစိတ်လို့ဘဲ။ သင်ကြားတာကို ပြန်မပြောပြလို့ဘဲဖြစ်တယ်။ သင် ပြန်ကိုပြောပြရမယ်။ သင်က ဘုရားရှင်ကို သတိမရဘဲနဲ့တော့ ဘယ်လိုလုပ်ပြီး သူ့ အကြောင်းပြော သူ့အကြောင်းရေးနိုင်မှာတုံး။ သင် ဘုရားရှင် ကရိသျှ်ဏ အကြောင်း နားထောင်တယ်။ သင့်အနေနဲ့ သူ့အကြောင်း စဉ်းစားပြီးမှသာ ပြောပြနိုင်မှာဖြစ်တယ်။ ဒီလိုမှ မဟုတ်ရင်တော့ မဖြစ်နိုင်ဘူး။ ဒါကြောင့် ပြီးတော့ သင်တို့ ပူဇော်ကိုးကွယ်မှုပြုဖို့ လည်းလိုအပ်တယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ပူဇော် ကိုးကွယ်ဖို့ အတွက်ကို ဒီဆင်းတုတော်တွေ လိုအပ်တာဖြစ်တယ်။ ကျွန်တော်တို့ စဉ်းစားရမယ် ကျွန်တော်တို့ ပြောပြရမယ် ကျွန်တော်တို့ နားထောင်ရမယ် ကျွန်တော်တို့ ပူဇော်မှုပြုရမယ်။ ပူဂျယစ် ကျ။ ဒါဆို တခါတလေ လား။ မဟုတ်ဘူး။ နီသ်ယာဒ ပုံမှန်လုပ်ရမှာဖြစ်တယ်။ နီသ်ယာဒ ဒါဟာ လမ်းစဉ်ပဲဖြစ်တယ်။ ဒါကြောင့် ဒီလမ်းစဉ်ကို လိုက်နာကျင့်သုံးတဲ့ သူအဖို့ သူဟာ ပကတိသစ္စာတရားကို နားလည်လာပါလိမ့်မယ်။ ဒါဟာ ရှရီမဒ် ဘာဂဝသံမ်ကျမ်းရဲ့ ရှင်းလင်းသော ကြေညာချက်ပဲဖြစ်တယ်။