MY/Prabhupada 0007 - Krishna's Maintenance Will Come

From Vanipedia
Jump to: navigation, search

Kṛṣṇa's Maintenance Will Come - Prabhupāda 0007


Lecture on SB 1.5.22 -- Vrndavana, August 3, 1974

ဘ်ရမာနန္ဒ : ဘရ်ဟမန က လခစားမလုပ်ရဘူးနော်။ မလုပ်ရဘူး။ သူဟာ ငတ်ပြီး အသေသာခံသွားမယ်။ သူလခစားလုပ်မှာ မဟုတ်ပါဘူး။ အဲဒါ ဘ်ရဟမန ဖြစ်တယ်။ ချသ်ရီယား ဝိတ်သျှ် လည်းဒီလိုပါဘဲ။ စူဒရ ကတော့လုပ်တယ်။ ဝိတ်သျှ်တစ်ယောက်ဟာ အလုပ်နည်းနည်းပါးပါးတော့ ရှာတတ်တယ်။ သူက အလုပ်နည်းနည်းတော့ရှာတတ်တယ်။ လက်တွေ့ အဖြစ်အပျက်ကလေးတစ်ခုရှိပါတယ်။ ရှေးရှေးတုံးက ဦးနန္ဒီး ဆိုတဲ့ လူတစ်ယောက် ကာလကတ္တားမှာရှိတယ်။ သူဟာ သူ့မိတ်ာဆွေထံသွားပြီး ငါလုပ်ငန်းစဖို့ ငါ့ကို အရင်းအနှီး နည်းနည်းပေးပါကွာ ဆိုပြီး ပြောတယ်။ အဲဒီမှာ သူက မင်းက ဝိတ်သျှ်ဘဲ။ ကုန်သည် မဟုတ်လား။ "ဟုတ်ပါတယ်" " အန် မင်းက ငါ့ဆီက ပိုက်ဆံလာတောင်းနေတယ်။ ပိုက်ဆံက လမ်ူပေါ်မှာပဲ။ မင်းဘာသာ မင်းရှာပေါ့။" အဲဒါနဲ့ သူလည်း " ကျွန်တော်တော့ မတွေ့လိုပါဗျာ" လို့ ပြန်ပြောတယ်။ " မင်းမတွေ့ဘူး။ အဲဒါဘာကြီးတုံး။" "အဲဒါ ကြွက်သေတစ်ကောင်ဘဲ။" "အဲဒါ မင်းရဲ့ အရင်းအနှီးပဲ ။" ကြည့်ပါအုံး။ အဲဒီတုံးက ကာလကတ္တားမြို့ မှာ ပလိပ်ရောဂါ ကြီးစိုးနေချိန်ပေါ့။ အဲဒီအချိန်က စည်ပင်သာယာ ကကြွက်သေတစ်ကောင် ရုံးကိုယူလာပေးရင် နှစ်ပြားပေးမယ်လို့ ကြေညာထားတယ်။ ဒါနဲ့ သူလည်း အဲဒီကြွက်သေကိုယူပြီး စည်ပင်သာယာ ရုံးဆီကို သွားပို့တယ်။ အဲဒီမှာ သူနှစ်ပြားရလိုက်တယ်။ အဲဒါနဲ့ သူလည်း မလတ်ဆတ်တဲ့ ကွမ်းသီး နည်းနည်း နှစ်ပြားနဲ့ဝယ်လိုက်တယ်။ ပြီးတော့ ဆေးကြောပြီး အဲဒါတွေကို လေးပြား ငါးပြား နဲ့ ရောင်းလိုက်တယ်။ ဒီလိုနဲ့ဘဲ အဲဒီလူဟာ လုပ်ရင်းလုပ်ရင်း နဲ့ အရမ်း ချမ်းသာလာတယ်။ သူ့ မိသားစုဝင်တစ်ယောက်က ကဆရာတော်ရဲ့ လောကုတ္တရာ ညီအစ်ကိုတွေပါပဲ။ နန္ဒီးမိသားစုဆိုတာလေ။ အဲဒီ နန္ဒီး မိသားစုဟာ အခုထက်ထိ ရှိတယ်။ လူလေးရာ ငါးရာ ကို ထမင်းကျွေးတယ်။ တကယ့် အထက်တန်းကျတဲ့ မိသားစု တစ်ခုပဲ။ ပြီးတော့ သူတို့မှာ မိသားစု ထုံးတမ်းစဉ်လာ တစ်ခုက သား သမီးတစ်ယောက် မွေးလာပြီဆိုတာနဲ့ ရူပီး ငါးထောင် ကို ဘဏ်ထဲမှာ ထည့်လိုက်တယ်။ ကလေးကြီးလာပြီး အိမ်ထောင်ပြုတဲ့ အချိန်မှာ ငွေငါးထောင်ကို အတိုးနဲ့ သူယူလို့ရတယ်။ အဲဒါမှ မဟုတ်ရင်တော့ အရင်းအနှီး ကနေဖဲ့မပေးဘူး။ ပြီးတော့ မိသားစုဝင်တွေအားလုံး နေဖို့ နဲ့ စားဖို့ပေးတယ်။ အဲဒါသူတို့ရဲ့... ဒါပေမယ့် ကနဦးအစက စတင်ထူထောင်ခဲ့ တဲ့သူဟာ သူဟာ လုပ်ငန်းကို စခဲ့တာက ကြွက်သေအနီလေးတစ်ကောင်နဲ့ ပေါ့။ ဒါဟာတကယ့် အမှန်တရားပဲ။ လူတစ်ယောက်ဟာ မမှီခိုဘဲ လွတ်လတ်စွာ နေချင်ရင် ကာလကတ္တားမှာ ဆရာတော် တွေ့ဘူးတယ်။ ဆင်းရဲတဲ့ ဝိတ်သျှ် တွေတောင်မှ မနက်ဆို သူတို့ ပဲနည်းနည်း ပဲအိတ် ယူပြီး အိမ်ပေါက်စေ့ သွားကြတယ်။ ပဲက ဘယ်မှာမဆို လိုတာပဲ။ မနက်မှာ ပဲအလုပ် လုပ်တယ်။ ညနေ ကျတော့ မှန်ဆီမီးအိမ်ထွန်းတဲ့ဆီကိုလိုက်ရောင်းတယ်။ ညနေမှာ လူတိုင်းလိုမှာပဲလေ။ အခုလည်း သင်တွေ့နိုင်သေးတယ်။ ဘယ်သူမှ လခစားအလုပ် မရှာကြပါဘူး။ သူ့မှာရှိတဲ့ မြေပဲ ဖြစ်ဖြစ် ဘာဖြစ်ဖြစ် နည်းနည်းကို သူရောင်းမယ်။ တစ်ခုခု သူလုပ်နေမယ်။ နောက်ဆုံးတော့လည်း ဘုရားမြတ် ကရိသျှ်ဏ က အားလုံးကို ထောက်ပံ့ပေးနေတာပဲ။ ဒီလူက ငါ့ကို ထောက်ပံ့ပေူနေတယ်ဆိုပြီး ထင်တာကိုက မှားယွင်းတဲ့ အတွေးမျိုးဖြစ်တယ်။ မဟုတ်ပေဘူး။ ကျမ်းစာတွေမှာလည်းပြေထားပါတယ်။ ဘုရားရှင် ကရိသျှ်ဏ ပေါ် ယုံကြည်မှု ထားရှိပြီး ကရိသျှ်ဏ ကကျွန်တော့်ကို ဘဝပေးထားတာ။ ကရိသျှ်ဏကသာ ကျွန်တော့်ကို ဒီကိုပို့ထားတာ။ အဲဒီတော့ သူပဲ ကျွန်တော့်ကို ထိန်းသိမ်းတာဝန်ယူလိမ့်မယ်။ ဒါကြောင့် ငါတတ်နိုင်တာလေးတော့ ငါလုပ်မယ်။ အဲဒီကနေပြီးတော့ ကရိသျှ်ဏရဲ့ ထိန်းသိမ်းပေးမှုလေးတွေရောက်လာလိမ့်မယ်။